ဗျာဒိတ် 11:17 - မြန်မာ့စံမီသမ္မာကျမ်း17 “အနန္တတန်ခိုးနှင့်ပြည့်စုံ၍ ယခုရှိလျက် ယခင်ကလည်းရှိသည့် ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်သည် မဟာတန်ခိုးတော်ကိုယူဆောင်လျက် စိုးစံတော်မူသောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။ Ver CapítuloCommon Language Bible17 ``ပစ္စုပ္ပန်၊အတိတ်ကာလတို့၌ရှိတော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ ကိုယ်တော်သည်မိမိ၏မဟာတန်ခိုးတော် ကို သုံးတော်မူလျက် လောကကိုအုပ်စိုးတော်မူပြီဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ Ver CapítuloGarrad Bible17 ပ စ္စု ပ္ပန်၊ အ တိတ် တည် တော် မူ သော၊ အို အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ မ ဟာ တန် ခိုး တော် ကို သိမ်း ယူ၍ စိုး စံ တော် မူ ပြီ ဖြစ် သော ကြောင့် ကျေး ဇူး တော် ကြီး လှ ပါ၏။ Ver CapítuloJudson Bible17 အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း17 “ယခုရှိလျက်၊ ယခင်ကလည်းရှိတော်မူသည့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို အကျွန်ုပ်တို့ကျေးဇူးတင်ပါ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မဟာတန်ခိုးကို ခံယူ၍ အုပ်စိုးတော်မူသောကြောင့်ဖြစ်၏။ Ver Capítulo |
အို ဘိုးဘေးတို့၏ဘုရားသခင်၊ ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား ဉာဏ်ပညာနှင့် အစွမ်းတန်ခိုးကိုပေး၍ အကျွန်ုပ်တောင်းလျှောက်သောအရာကို ဖွင့်ပြတော်မူပြီ။ အကျွန်ုပ်တို့အား ရှင်ဘုရင်၏အိပ်မက်ကို သိစေတော်မူပါပြီ”ဟူ၍ ချီးမွမ်းမြွက်ဆိုလေ၏။
ထိုအမိန့်စာကို ဒါရိမင်းကြီးလက်မှတ်ရေးထိုးကြောင်း ဒံယေလကြားသိသော်လည်း သူသည် အိမ်သို့ပြန်၍အပေါ်ထပ် မိမိအခန်းသို့ဝင်ကာ ဂျေရုဆလင်မြို့ဘက်သို့မျက်နှာမူထားသော ပြတင်းပေါက်ကိုဖွင့်ပြီး ဘုရားသခင်ရှေ့တော်တွင် ယခင်ကတစ်နေ့သုံးကြိမ်ဒူးထောက်ဆုတောင်းခဲ့သည့်အတိုင်း ဆုတောင်းလျက်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
ထိုအချိန်တွင် ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အလွန်ဝမ်းမြောက်၍“ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့် ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုဝှက်ထားလျက် ကလေးသူငယ်များအား ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ရှေ့တော်၌ နှစ်သက်တော်မူသောအရာဖြစ်ပါ၏။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။