Biblia Todo Logo
La Biblia Online
- Anuncios -




ဖိ​လိပ္ပိ 4:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ မှန်ကန်​သော​အရာ​ရှိ​သမျှ၊ ဂုဏ်သရေ​ရှိ​သော​အရာ​ရှိသမျှ၊ ဖြောင့်မတ်​သော​အရာ​ရှိသမျှ၊ ဖြူစင်​သန့်ရှင်း​သော​အရာ​ရှိသမျှ၊ နှစ်သက်​ဖွယ်​ကောင်း​သော​အရာ​ရှိသမျှ​နှင့် ဂုဏ်​သတင်း​ကောင်း​သော​အရာ​ရှိသမျှ​တို့​၌ ကောင်းမြတ်​သော​အရာ​တစ်စုံတစ်ခု​၊ သို့မဟုတ် ချီးမွမ်း​ထိုက်​သော​အရာ​တစ်စုံတစ်ခု​ရှိ​လျှင် ထို​အရာ​တို့​ကို နှလုံးသွင်း​ကြ​လော့။

Ver Capítulo Copiar

Common Language Bible

8 ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပြော​ရ လျှင် သင်​တို့​သည်​မှန်​ကန်​သော​အ​ရာ၊ မွန်​မြတ် သော​အ​ရာ၊ လျောက်​ပတ်​သော​အ​ရာ၊ ဖြူ​စင် သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​သ​ရေ ရှိ​သော​အ​ရာ​တည်း​ဟူ​သော​ကောင်း​မြတ်​၍ ချီး​မွမ်း​ဖွယ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။-

Ver Capítulo Copiar

Garrad Bible

8 အ ဆုံး စ ကား မှာ ညီ အ ကို တို့ မှန် ကန် သော အ ရာ၊ ကြည် ညို ဖွယ် သော အ ရာ၊ သင့် လျော် သော အ ရာ၊ စင် ကြယ် သော အ ရာ၊ နှစ် သက် ဖွယ် သော အ ရာ၊ အ သ ရေ ရှိ သော အ ရာ များ ကို၄င်း၊ ပါ ရ မီ အ ပါး ပါး ဂုဏ် အ ပါး ပါး ကို၄င်း၊

Ver Capítulo Copiar

Judson Bible

8 ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​မ္မာ​တ​ရား​နှင့် ဆိုင်​သော​အ​ကျင့်၊ လျောက်​ပတ်​သော အ​ကျင့်၊ ဖြောင့်​မတ်​သော အ​ကျင့်၊ စင်​ကြယ်​သော အ​ကျင့်၊ သူ​တ​ပါး​နှစ်​သက်​ဖွယ်​သော အ​ကျင့်၊ ချီး​မွမ်း​ဖွယ်​သော​အ​ကျင့် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပါ​ရ​မီ​တစ်​ပါး​ပါး၊ ကောင်း​သော သ​တင်း​တစ်​ပါး​ပါး​နှင့် ဆိုင်​သော​အ​ကျင့်​တို့​ကို​လည်း​ကောင်း၊ နှ​လုံး​သွင်း​ကြ​လော့။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ထို့ပြင် ညီအစ်ကို​မောင်နှမတို့… မှန်ကန်သော​အရာ၊ ဂုဏ်သရေ​ရှိသော​အရာ၊ ဖြောင့်မတ်သော​အရာ၊ ဖြူစင်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ ကောင်းမြတ်​၍ ချီးမွမ်းဖွယ်​ဖြစ်သည့် နှစ်လိုဖွယ်​ကောင်းသော​အရာ ဟူသမျှတို့​ကို နှလုံးသွင်းကြလော့။

Ver Capítulo Copiar




ဖိ​လိပ္ပိ 4:8
67 Referencias Cruzadas  

အကြောင်းမူကား အာဗြဟံ​သည် သူ​၏​သားသမီး​တို့​နှင့် နောင်လာမည့်​သူ​၏​အမျိုးအနွယ်​တို့​အား ဖြောင့်မတ်​သော​အမှု​၊ တရားမျှတ​သော​အမှု​ကို​ပြုကျင့်​၍ ထာဝရဘုရား​၏​လမ်း​တော်​ကို​စောင့်ထိန်း​ကြ​စေရန် မှာကြား​ခြင်း​အားဖြင့် သူ့​အား​ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သော​အရာ​ကို သူ​၌​ပြည့်စုံ​စေ​မည့်​အကြောင်း သူ့​ကို ငါ​ရွေးကောက်​ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။


လင်းယုန်ငှက်​ထက် လျင်မြန်​ပြီး ခြင်္သေ့​ထက် ခွန်အားကြီး​သော​၊ ချစ်ခင်​နှစ်သက်​ရ​ပါ​သော ရှောလု​နှင့် ယောနသန်​တို့​သည် ရှင်​အတူ သေ​မ​ကွာ​ပါ​တကား​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင်​တည်းဟူသော အစ္စရေး​လူမျိုး​၏​ကျောက်ဆောင်​က ငါ့​အား ‘​ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ လူ​ကို ဖြောင့်မှန်​စွာ အုပ်စိုး​သော​သူ​သည်


“​သင်​တို့​သည် မည်မျှ​ကြာ​အောင် မတရားသဖြင့်​စီရင်​၍ ဆိုးယုတ်​သော​သူ​တို့​ကို မျက်နှာလိုက်​ကြ​မည်နည်း​။(​စေလာ)


မမှန်ကန်​သော​ချိန်ခွင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ မှန်​သော​အလေး​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။


စွမ်းရည်​နှင့်​ပြည့်စုံ​သော​မယား​သည် မိမိ​ခင်ပွန်း​၏​သရဖူ​ဖြစ်​၏​။ အရှက်ကွဲ​စေ​သော​မယား​မူကား ခင်ပွန်း​၏​အရိုး​ထဲမှ ဆွေးမြည့်​သော​အရာ​ကဲ့သို့​ဖြစ်​၏​။


မှန်ကန်​သော​ကတ္တား​နှင့်​ချိန်ခွင်​ကို ထာဝရဘုရား​ပိုင်​တော်မူ​၏​။ အိတ်​ထဲ၌​ရှိ​သော​အလေး​အားလုံး​ကို​လည်း ကိုယ်တော်​ပြုလုပ်​တော်မူ​၏​။


ဖြောင့်မတ်​သော​သူ​သည် တည်ကြည်​စွာ​လျှောက်လှမ်း​တတ်​၏​။ နောင်လာမည့် သူ​၏​သားမြေး​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


စွမ်းရည်​နှင့်​ပြည့်စုံ​သော​မယား​ကို မည်သူ​တွေ့​နိုင်​သနည်း​။ ထိုသို့သော​မယား​သည် ပတ္တမြား​ထက်​များစွာ​အဖိုးထိုက်​၏​။


“​စွမ်းရည်ရှိရှိ​လုပ်ဆောင်​တတ်​သော​အမျိုးသမီး​များစွာ​ရှိ​သော်လည်း သင်​သည် ထို​သူ​အားလုံး​ထက်​သာလွန်​၏​”​ဟု သူ့​ကို​ချီးမွမ်း​တတ်​၏​။


ထိုသို့သော​မိန်းမ​အား သူ့​လက်​ဖြင့် လုပ်ကိုင်​ရရှိ​သော​အကျိုးအမြတ်​ကို​ပေး​လော့​။ သူ​ပြု​သော​အမှု​အတွက် မြို့​တံခါး​တို့​၌ သူ့​ကို​ချီးမွမ်း​ကြ​ပါစေ​။


နှုတ်​ချို​၍ သူ့​တစ်ကိုယ်လုံး နှစ်သက်မြတ်နိုးဖွယ်​ဖြစ်​၏​။ အို ဂျေရုဆလင်​သမီးပျို​တို့​၊ ဤ​သူ​ကား အကျွန်ုပ်​၏​ချစ်သူ​၊ ဤ​သူ​သည် အကျွန်ုပ်​မိတ်ဆွေ ဖြစ်​၏​။​”


ဖြောင့်မတ်​သော​သူ​သွားရာလမ်းခရီး​သည် ညီညာ​၏​။ အို ဖြောင့်မတ်​တော်မူ​သော​အရှင်​၊ ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​သွား​ရာ​လမ်း​ကို ဖြောင့်ဖြူး​စေ​တော်မူ​၏​။


ထို့နောက် သူ​တို့​၏​တပည့်​များ​ကို ဟေရုဒ်​၏​လူ​များ​နှင့်အတူ အထံ​တော်​သို့​စေလွှတ်​ကာ “ဆရာ၊ ဆရာ​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး ဘုရားသခင်​၏​တရား​လမ်း​ကို သမ္မာတရား​နှင့်အညီ သွန်သင်​ကြောင်း​ကို​လည်းကောင်း၊ လူ့​မျက်နှာ​ကို​မ​ထောက်​သောကြောင့် မည်သူ့​ကို​မျှ အား​မ​နာ​ကြောင်း​ကို​လည်းကောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။


အကြောင်းမူကား ယောဟန်​သည် ဖြောင့်မတ်​သန့်ရှင်း​သူ​ဖြစ်​ကြောင်း ဟေရုဒ်​သည်​သိ​၍ သူ့​ကို​ကြောက်ရွံ့​ရိုသေ​လျက် စောင့်ရှောက်​ထား​သည့်အပြင် ယောဟန်​၏​စကား​ကို​ကြား​ရ​သည့်အခါ အလွန်​စိတ်အနှောင့်အယှက်​ဖြစ်​တတ်​သော်လည်း ဝမ်းမြောက်​စွာ​နားထောင်​လေ့​ရှိ​သောကြောင့်​ဖြစ်​၏။


သို့သော် ကိုယ်တော်​က“သင်​တို့​သည် လူ​တို့​ရှေ့​၌ မိမိတို့ကိုယ်ကို​ဖြောင့်မတ်​ကြောင်း ဖော်ပြ​တတ်​သူ​များ​ဖြစ်​ကြ​၏။ သို့ရာတွင် ဘုရားသခင်​သည် သင်​တို့​၏​စိတ်နှလုံး​ကို​သိ​တော်မူ​၏။ လူ​တို့​အမြတ်တနိုး​ထား​သော​အရာ​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ ရွံရှာ​ဖွယ်​ဖြစ်​၏။


ထိုအခါ​၌ ဂျေရုဆလင်​မြို့​တွင် ရှိမောင်​အမည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ဘုရား​တရား​ကြည်ညို​၍ ဖြောင့်မတ်​သော​သူ​ဖြစ်​ပြီး အစ္စရေး​လူမျိုး​ခံစား​ရ​မည့်​နှစ်သိမ့်​မှု​ကို စောင့်မျှော်​နေ​သူ​ဖြစ်​၏။ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ့​အပေါ်၌​တည်​သည်​ဖြစ်၍


ထို​အချိန်အခါ​၌ ဖြောင့်မတ်​၍​သူတော်ကောင်း​ဖြစ်​သည့် ယောသပ်​အမည်​ရှိ​သော လွှတ်တော်​အဖွဲ့ဝင်​တစ်ဦး​ရှိ​၏။


မိမိ​ဆန္ဒ​အလျောက်​ဟောပြော​သော​သူ​သည် မိမိ​၏​ဘုန်း​အသရေ​ကို​ရှာ​တတ်​၏။ မိမိ​ကို​စေလွှတ်​သော​အရှင်​၏​ဘုန်း​အသရေ​ကို​ရှာ​သော​သူ​မူကား ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး ထို​သူ​၌​မတရားမှု​မ​ရှိ။


သူ​တို့​က​လည်း “ဖြောင့်မတ်​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​ပြီး ဂျူး​လူမျိုး​အားလုံး​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော​တပ်မှူး​ကော်နေလိ​သည် သင့်​ကို မိမိ​အိမ်​သို့​ခေါ်ဖိတ်​၍ သင့်​ထံမှ တရား​စကား​ကို​နားထောင်​ရန် သန့်ရှင်း​သော​ကောင်းကင်တမန်​၏​ဗျာဒိတ်​တော်​ကို ခံရ​ပါ​သည်”​ဟု ဆို​ကြ​၏။


ထို့နောက် ပညတ်​တရား​နှင့်အညီ ဘုရား​တရား​ကြည်ညို​သူ​ဖြစ်​ပြီး ဒမတ်စကပ်​မြို့​၌​နေထိုင်​သော ဂျူး​လူမျိုး​အားလုံး​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော အာနနိ​အမည်ရှိ​သူ​တစ်​ဦး​သည်


ထို့ကြောင့် ညီအစ်ကို​တို့၊ သင်​တို့​ထဲမှ ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ ဉာဏ်ပညာ​နှင့်​လည်းကောင်း ပြည့်စုံ​၍ ဂုဏ်​သတင်း​ကောင်း​သော​လူ​ခုနစ်​ဦး​ကို ရှာ​ကြ​လော့။ ငါ​တို့​သည် ထို​သူ​တို့​ကို ဤ​တာဝန်​အတွက်​ခန့်ထား​မည်။


အပျော်ကြူး​ခြင်း​နှင့်​သောက်စား​မူးယစ်​ခြင်း​တို့​၌​လည်းကောင်း၊ ကိလေသာ​ရှုပ်ထွေး​ခြင်း​နှင့်​ကာမဂုဏ်​လိုက်စား​ခြင်း​တို့​၌​လည်းကောင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း​နှင့်​မနာလို​ခြင်း​တို့​၌​လည်းကောင်း မ​ကျင်လည်​ကြ​ဘဲ နေ့​အချိန်​၌​လျှောက်လှမ်း​သကဲ့သို့ တင့်တယ်​လျောက်ပတ်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ကုန်စို့။


အဘယ်ကြောင့်​ဆိုသော် အုပ်ချုပ်​သူ​များ​သည် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​အတွက် ကြောက်​စရာ​မ​ဟုတ်​ဘဲ မကောင်း​သော​အမှု​ကို​ပြု​သော​သူ​အတွက်​သာ ကြောက်​စရာ​ဖြစ်​၏။ သင်​သည် အာဏာပိုင်​ကို​မ​ကြောက်​ဘဲ​နေ​လို​လျှင် ကောင်း​သော​အမှု​ကို​ပြု​လော့။ ထိုသို့ပြုလျှင် သူ​၏​ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်မည်။


ထို့ကြောင့် ဤ​နည်း​ဖြင့် ခရစ်တော်​ကို​အစေခံ​သော​သူ​သည် ဘုရားသခင်​ရှေ့​တော်​၌ နှစ်သက်​ဖွယ်​ဖြစ်​ပြီး လူ​တို့​ရှေ့၌ ယုံကြည်​စိတ်ချ​ရ​သူ​ဖြစ်​၏။


အတွင်း​သဘော​အားဖြင့် ဂျူး​လူမျိုး​ဖြစ်​သော​သူ​သာလျှင် ဂျူး​လူမျိုး​အစစ်​အမှန်​ဖြစ်​ပြီး အက္ခရာတင်​ထား​သော​တရား​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​အားဖြင့်​ဖြစ်​သော စိတ်နှလုံး​၏​အရေဖျား​လှီး​ခြင်း​ပင် အရေဖျား​လှီး​ခြင်း​အစစ်​အမှန်​ဖြစ်​၏။ ထိုသို့သော​သူ​သည် လူ​တို့​ထံမှ​မ​ဟုတ်​ဘဲ ဘုရားသခင်​ထံ​တော်​မှ​ချီးမွမ်း​ခြင်း​ကို​ခံရ​၏။


သို့ဖြစ်၍ သခင်​ဘုရား​ကြွလာ​တော်​မ​မူ​မီ မည်သည့်​အရာ​ကို​မျှ အချိန်​မ​တန်​ဘဲ မ​စီရင်​ကြ​နှင့်။ ထို​သခင်​သည် အမှောင်​ထဲ၌ ကွယ်ဝှက်​ထား​သော​အရာ​များ​ကို အလင်း​သို့​ယူဆောင်​လာ​ပြီး စိတ်နှလုံး​အကြံအစည်​များ​ကို ထင်ရှား​စေ​တော်မူ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​သည် ဘုရားသခင်​ထံ​တော်​မှ ချီးမွမ်း​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။


သင်​တို့​သည် မကောင်း​သော​အမှု​တစ်စုံတစ်ခု​ကို​မျှ မ​ပြု​မည့်​အကြောင်း ဘုရားသခင်​ထံ ငါ​တို့​ဆုတောင်း​ကြ​၏။ ဤသို့​ဆို​ခြင်း​မှာ စုံစမ်း​စစ်ဆေး​ခြင်း​ကို ငါ​တို့​အောင်မြင်​ကြောင်း​ထင်ရှား​စေရန်​အတွက်​မ​ဟုတ်​ဘဲ ငါ​တို့​သည် စုံစမ်း​စစ်ဆေး​ခြင်း​၌​ကျရှုံး​သော​သူ​များ​ကဲ့သို့​ဖြစ်​ကြ​လျှင်ပင် သင်​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​နိုင်​ရန်​အတွက်​ဖြစ်​၏။


အသရေ​ရှိ​သည်​ဖြစ်စေ၊ မ​ရှိ​သည်​ဖြစ်စေ၊ ဂုဏ်သတင်း​ကောင်း​သည်​ဖြစ်စေ၊ မကောင်း​သည်​ဖြစ်စေ၊ အရာရာ​၌ မိမိ​တို့​ကိုယ်ကို​ဘုရားသခင်​၏​အစေခံ​များ​အဖြစ် ထင်ရှား​စေ​ကြ​၏။ ငါ​တို့​သည် လှည့်ဖြား​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း ဖြောင့်မှန်​သော​သူ​ဖြစ်​ကြ​၏။


တိတု​နှင့်အတူ ညီအစ်ကို​တစ်​ဦး​ကို ငါ​တို့​စေလွှတ်​လိုက်​ပါ​၏။ သူ​သည် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရာ​တွင် အသင်းတော်​တိုင်း​၌ ချီးမွမ်း​ခြင်း​ခံရ​သူ​ဖြစ်​သည်​သာမက


အကြောင်းမူကား ငါ​တို့​သည် သခင်​ဘုရား​ရှေ့​တော်​၌​သာမက လူ​တို့​ရှေ့​၌​လည်း တင့်တယ်​လျောက်ပတ်​သော​အမှု​ကို ပြုမူ​ကျင့်ကြံ​ကြ​၏။


ဝိညာဉ်​တော်​၏​အသီးအပွင့်​မူကား ချစ်​ခြင်း၊ ဝမ်းမြောက်​ခြင်း၊ ငြိမ်သက်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်​ခြင်း၊


ထို့ကြောင့် မုသား​စကား​ကို​ဖယ်ရှား​၍ သင်​တို့​တစ်ဦးစီ​သည် မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​အား မှန်​သော​စကား​ကို​ပြော​ကြ​လော့။ အကြောင်းမူကား ငါ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး ကိုယ်အင်္ဂါ​ချင်း​များ​ဖြစ်​ကြ​၏။


အကြောင်းမူကား အလင်း​၏​အသီးအပွင့်​သည် အလုံးစုံ​သော​ကောင်းမြတ်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် မှန်ကန်​ခြင်း​တို့​ဖြစ်​ကြ​၏။


သို့ဖြစ်၍ သမ္မာတရား​ဖြင့် သင်​တို့​ခါး​ကို​စည်း​လျက် ဖြောင့်မတ်​ခြင်း​ရင်အုပ်​တန်ဆာ​ကို ဝတ်ဆင်​ကာ


သင်​သည် အသက်ချမ်းသာ​ရာ​ရ​လျက် သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို ပိုင်ဆိုင်​ရ​မည့်​အကြောင်း ဖြောင့်မတ်​ခြင်း​တစ်ခုတည်း​ကို​သာ လက်ကိုင်ပြု​ရ​မည်​။


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ငါ့​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌​ဝမ်းမြောက်​ကြ​လော့။ သင်​တို့​ထံသို့ တူညီ​သော​အကြောင်း​များ​ကို ထပ်၍​ရေးသား​ခြင်း​သည် ငါ့​အတွက် ပင်ပန်း​စရာ​မ​ဟုတ်​ဘဲ သင်​တို့​အတွက် ဘေးဆီး​ရန်ကာ​ဖြစ်​၏။


အပြင်​လူ​တို့​ရှေ့တွင် ဉာဏ်ပညာ​ရှိ​စွာ​အသက်ရှင်​လျှောက်လှမ်း​၍ အချိန်အခါ​ကို ကောင်းစွာ​အသုံးချ​ကြ​လော့။


ဤသည်ကား သင်​တို့​သည် ပြင်ပ​လူ​တို့​ရှေ့၌ တင့်တယ်​လျောက်ပတ်​စွာ​အသက်ရှင်​လျှောက်လှမ်း​၍ သင်​တို့​၌ မည်သည့်​လိုအပ်​ချက်​မျှ​မ​ရှိ​စေရန်​အတွက်​ဖြစ်​၏။


ဤသည်ကား ငါ​တို့​သည် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​နှင့်​တည်ကြည်​လေးနက်​ခြင်း​အပြည့်အဝ​ရှိ​လျက် အေးချမ်း​တည်ငြိမ်​စွာ​အသက်ရှင်​နေထိုင်​နိုင်​ရန်​ဖြစ်​၏။


ထိုနည်းတူ ဇနီးသည်​တို့​သည်​လည်း တည်ကြည်​လေးနက်​သော​သူ​များ​ဖြစ်​ရ​မည်။ ကုန်းချော​တတ်​သော​သူ​မ​ဟုတ်​ဘဲ သမ္မာသတိ​ရှိ​သော​သူ၊ ခပ်သိမ်း​သော​အရာ​တို့​၌ သစ္စာရှိ​သော​သူ​များ​ဖြစ်​ရ​မည်။


မိမိ​အိမ်ထောင်​ကို ကောင်းစွာ​စီမံ​အုပ်ချုပ်​လျက် သားသမီး​တို့​ကို တည်ကြည်​လေးနက်​ခြင်း​အပြည့်အဝ​ဖြင့် နာခံ​မှု​ရှိ​စေ​သော​သူ​ဖြစ်​ရ​မည်။


သင်​၏​အသက်အရွယ်​နုပျို​ခြင်း​ကို မည်သူမျှ​မထီမဲ့မြင်​မ​ပြု​စေ​နှင့်။ အပြောအဆို​၌​လည်းကောင်း၊ အသက်ရှင်​နေထိုင်​မှု​၌​လည်းကောင်း၊ ချစ်​ခြင်း​မေတ္တာ​၌​လည်းကောင်း၊ ယုံကြည်​ခြင်း​၌​လည်းကောင်း၊ ဖြူစင်​သန့်ရှင်း​ခြင်း​၌​လည်းကောင်း ယုံကြည်​သော​သူ​တို့​အတွက် စံနမူနာ​ဖြစ်​လော့။


သားသမီး​များ​ကို​ပြုစု​စောင့်ရှောက်​ခြင်း၊ ဧည့်ဝတ်​ကျေပွန်​ခြင်း၊ သန့်ရှင်း​သူ​တို့​၏​ခြေ​ကို​ဆေး​ခြင်း၊ ဆင်းရဲ​ဒုက္ခ​ခံရ​သူ​များ​ကို​ကူညီ​စောင့်ရှောက်​ခြင်း၊ ကောင်း​သော​အမှု​ရှိသမျှ​တို့​ကို​ပါဝင်​လုပ်ဆောင်​ခြင်း စသည့်​ကောင်း​သော​အမှု​များ​ကြောင့် ချီးကျူး​ခံရ​သူ​ဖြစ်​ရ​မည်။


အသက်ကြီး​သော​အမျိုးသမီး​တို့​ကို မိခင်​ကဲ့သို့​လည်းကောင်း၊ ငယ်ရွယ်​သော​အမျိုးသမီး​တို့​ကို ဖြူစင်​သန့်ရှင်း​သော​စိတ်​အပြည့်အဝ​ဖြင့် နှမ​ကဲ့သို့​လည်းကောင်း မှတ်​၍ တိုက်တွန်း​နှိုးဆော်​လော့။


ဧည့်ဝတ်​ကျေပွန်​သော​သူ၊ ကောင်းမြတ်​သော​အရာ​ကို​နှစ်သက်​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ ဖြောင့်မတ်​သော​သူ၊ သန့်ရှင်း​သော​သူ၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​နိုင်​သော​သူ​ဖြစ်​ရ​မည်။


ခရစ်တော်​သည် ငါ​တို့​ကို ခပ်သိမ်း​သော​တရားမဲ့​ခြင်း​ထဲမှ ရွေးနုတ်​ကယ်တင်​ရန်​နှင့် ကောင်း​သော​အမှု​၌ စိတ်အား​ထက်သန်​သည့် မိမိ​ပိုင်​တော်မူ​သော​လူမျိုး​ကို မိမိ​အတွက်​စင်ကြယ်​စေ​ရန် ငါ​တို့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​၏။


အသက်ကြီး​သော​ယောက်ျား​တို့​အား သမ္မာသတိ​ရှိ​သော​သူ၊ တည်ကြည်​လေးနက်​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ​ဖြစ်​ကြ​ရန်​နှင့် ယုံကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် သည်းခံ​ခြင်း​တို့​၌ မှန်ကန်​ပြည့်စုံ​မှု​ရှိ​ကြ​ရန် ဟောပြော​လော့။


အရာရာ​၌ ကောင်း​သော​လုပ်ဆောင်မှု​၏​စံနမူနာ​ကို သင်​ကိုယ်တိုင်​ပြသ​လော့။ ဩဝါဒ​ပေး​ရာ​တွင် သမာဓိ​နှင့်​တည်ကြည်​လေးနက်​ခြင်း​ရှိ​လျက်


ငါ​တို့​၏​လူ​များ​သည်​လည်း အသီး​မ​သီး​သော​သူ​မ​ဖြစ်​မည့်​အကြောင်း အရေးတကြီး​လိုအပ်​သော​အရာ​များ​အတွက် ကောင်း​သော​အမှု​တို့​ကို ပါဝင်​လုပ်ဆောင်​ရန် သင်ယူ​ကြ​ရ​မည်။


ရှေး​လူကြီး​တို့​သည် ဤ​ယုံကြည်​ခြင်း​ကြောင့် ချီးကျူး​ခံရ​ကြ​၏။


ငါ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ အကြောင်းမူကား ငါ​တို့​၌ ကြည်လင်​သော​အသိစိတ်​ရှိ​ကြ​သည်​ဟု ငါ​တို့​ယုံကြည်​စိတ်ချ​လျက် အရာရာ​၌ လျောက်ပတ်​စွာ​အသက်ရှင်​နေထိုင်​ရန်​အလို​ရှိ​ကြ​၏။


ခမည်းတော်​ဘုရားသခင်​ရှေ့​တော်​၌ စင်ကြယ်​၍​ညစ်ညူး​ခြင်း​ကင်း​သော ဘာသာ​တရား​ကိုင်းရှိုင်း​မှု​ဟူသည်မှာ ဆင်းရဲ​ဒုက္ခ​ခံရ​သော မိဘမဲ့​ကလေး​နှင့်​မုဆိုးမ​တို့​ကို ကြည့်ရှု​ခြင်း၊ လောကီ​အညစ်အကြေး​တို့​နှင့်​ကင်းစင်​စေရန် မိမိကိုယ်ကို​စောင့်ထိန်း​ခြင်း​တို့​ပင်​ဖြစ်​၏။


သို့သော် အထက်​အရပ်​မှ​လာ​သော​ဉာဏ်ပညာ​သည် ပထမ​ဦးစွာ သန့်ရှင်း​စင်ကြယ်​၏။ ထို့နောက် ငြိမ်းချမ်း​သော​သဘော၊ ညင်သာ​သော​သဘော​နှင့် ပျော့ပျောင်း​သော​သဘော​ရှိ​၍ ကရုဏာ​နှင့်​ကောင်းမြတ်​သော​အသီးအပွင့်​တို့​ဖြင့်​ပြည့်စုံ​ကာ မျက်နှာလိုက်​ခြင်း၊ ဟန်ဆောင်​ခြင်း​တို့​နှင့် ကင်းစင်​၏။


သင်​တို့​သည် သမ္မာတရား​ကို​နာခံ​ခြင်း​အားဖြင့် သင်​တို့​၏​စိတ်​ဝိညာဉ်​များ​ကို သန့်ရှင်း​စင်ကြယ်​စေ​ပြီး ဟန်ဆောင်​မှု​ကင်း​သည့် ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​ရရှိ​ကြ​သည်​ဖြစ်၍ ဖြူစင်​သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​ခိုင်မြဲ​စွာ​ချစ်​ကြ​လော့။


လူမျိုးခြား​တို့​အလယ်​တွင် ကောင်း​စွာ​အသက်ရှင်​နေထိုင်​ကြ​လော့။ သို့ပြုလျှင် သူ​တို့​သည် သင်​တို့​ကို ဒုစရိုက်​ပြု​သူ​များ​အဖြစ် ပုတ်ခတ်​ပြောဆို​ကြ​သော်လည်း သင်​တို့​၏​ကောင်း​သော​အမှု​တို့​ကို​မြင်​၍ အကြည့်အရှု​ကြွလာ​တော်မူ​သော​နေ့ရက်​၌ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်။


ချစ်​ခြင်း​မေတ္တာ​သည် များစွာ​သော​အပြစ်​တို့​ကို ဖုံးအုပ်​တတ်​သည်​ဖြစ်၍ ခပ်သိမ်း​သော​အရာ​တို့​ထက် အချင်းချင်း​ကြား​၌ ခိုင်မြဲ​သော​ချစ်​ခြင်း​မေတ္တာ​ရှိ​ကြ​လော့။


ချစ်​ရ​သော​သူ​တို့၊ ယခု ဤ​ဒုတိယ​စာ​ကို သင်​တို့​ထံသို့ ငါ​ရေး​လိုက်​၏။ ငါ​သည် ဤ​စာ​နှစ်စောင်လုံး​တွင် သင်တို့ကို​သတိပေး​နှိုးဆော်​ခြင်း​အားဖြင့် သင်​တို့​၏​ဖြူစင်​သော​စိတ်နှလုံး​ကို နိုးကြား​တက်ကြွ​စေ​၏။


သားသမီး​တို့၊ ငါ​တို့​သည် စကား​နှင့် နှုတ်​အားဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်ဆောင်​မှု​နှင့် သမ္မာတရား​တို့​အားဖြင့် ချစ်​ကြ​ကုန်စို့။


ကိုယ်တော်​၌ ဤသို့​မျှော်လင့်​ထား​သော​သူ​တိုင်း​သည် ကိုယ်တော်​သန့်ရှင်း​စင်ကြယ်​တော်မူ​သည့်​နည်းတူ မိမိကိုယ်ကို​သန့်ရှင်း​စင်ကြယ်​စေ​တတ်​၏။


ချစ်​ရ​သော​သူ​တို့၊ များစွာ​သော​ပရောဖက်​အတုအယောင်​တို့​သည် ဤ​လောက​၌ ပေါ်လာ​ကြ​ပြီ​ဖြစ်​သောကြောင့် ဝိညာဉ်​တိုင်း​ကို​မ​ယုံ​ဘဲ ထို​ဝိညာဉ်​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်​မ​စပ်ဆိုင်​သည်​ကို စစ်ဆေး​ကြ​လော့။


ယခုမှာ ငါ့​သမီး​၊ ဘာမျှ​မ​စိုးရိမ်​နှင့်​။ သင်​တောင်း​သမျှ​ကို ငါ​ပြု​ပေး​မည်​။ သင်​သည် အကျင့်သီလ​နှင့်​ပြည့်စုံ​သော​အမျိုးသမီး​ဖြစ်ကြောင်း​ကို ဤ​တစ်မြို့လုံး​ရှိ​ငါ​တို့​လူမျိုး​တို့ သိ​ကြ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos