ဖိလိပ္ပိ 4:10 - မြန်မာ့စံမီသမ္မာကျမ်း10 ငါ့အတွက် အလေးထားစဉ်းစားပေးသောစိတ်သည် သင်တို့၌ ယခုတစ်ကြိမ် ပြန်လည်ဖြစ်ပေါ်လာသောကြောင့် ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်၏။ အမှန်စင်စစ် သင်တို့သည် ငါ့အတွက် အလေးထားစဉ်းစားပေးသော်လည်း အခွင့်မရခဲ့ကြ။ Ver CapítuloCommon Language Bible10 ဤမျှအချိန်ကာလကြာညောင်းပြီးမှသင်တို့ သည် ငါ့အားမိမိတို့၏မေတ္တာစေတနာကိုတစ် ဖန်ပြန်၍ပြသကြသည့်အတွက် ငါသည် သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်းဖြစ်သူ တစ်ဦးအနေဖြင့်အလွန်ပင်ဝမ်းမြောက်ပါ၏။ ယခင်အခါကသင်တို့သည်ငါ၏အပေါ် တွင်မေတ္တာစေတနာမထားဘဲနေခဲ့ကြ သည်ဟုငါမဆိုလိုပါ။ ထိုမေတ္တာစေတနာ ကိုပြသနိုင်ခွင့်မရခဲ့ကြောင်းကိုသာ ဆိုလိုပါ၏။- Ver CapítuloGarrad Bible10 သင် တို့ သည် ငါ့ ကို သ တိ ရ ကြ သည် မှန် သော် လည်း အ ခါ အ ခွင့် မ သင့် သ ဖြင့် ယ ခု မှ တ ဖန် သ တိ ရ သည့် အ တိုင်း ပြု ကြ ပြန် သည့် အ တွက် အ ရှင် ဘု ရား၌ ငါ အား ရွှင် လန်း ရ၏။ Ver CapítuloJudson Bible10 ယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း10 သင်တို့သည် ကျွန်ုပ်အတွက် ယခုထပ်မံ၍ ငဲ့ညှာစဉ်းစားပေးသောကြောင့် သခင်ဘုရားနှင့် တပေါင်းတစည်းတည်း ဖြစ်သော ကျွန်ုပ်သည် အလွန်ဝမ်းမြောက်၏။ အမှန်တွင်မူ သင်တို့သည် ကျွန်ုပ်အတွက် ငဲ့ညှာစဉ်းစားပေးသော်လည်း ပြသရန် အခွင့်မသာခဲ့ကြ။ Ver Capítulo |
မာကေဒေါနိပြည်မှလာသော ညီအစ်ကိုများသည် ငါလိုအပ်သည့်အရာကို ဖြည့်ဆည်းပေးခဲ့သည်ဖြစ်၍ ငါသည် သင်တို့နှင့်အတူရှိစဉ် လိုအပ်ချက်ရှိသည့်အခါ မည်သူ့အတွက်မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ပေ။ ငါသည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကို အရာရာ၌စောင့်စည်းခဲ့သည့်နည်းတူ နောင်၌လည်း စောင့်စည်းဦးမည်။