ဖိလိပ္ပိ 3:21 - မြန်မာ့စံမီသမ္မာကျမ်း21 ထိုသခင်သည် အရာခပ်သိမ်းတို့ကို မိမိအားနာခံစေနိုင်သောတန်ခိုးအားဖြင့် ငါတို့၏ဂုဏ်သေးသိမ်သောကိုယ်ခန္ဓာကို မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာနှင့်တူညီစေရန် ပြောင်းလဲစေတော်မူလိမ့်မည်။ Ver CapítuloCommon Language Bible21 ကိုယ်တော်သည်အရာခပ်သိမ်းကိုမိမိ၏အာဏာ စက်အောက်တွင်ရောက်စေတော်မူသောတန်ခိုးတော် အားဖြင့် ငါတို့၏သေကြေပျက်စီးတတ်သောကိုယ် ခန္ဓာကိုဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာ တော်နှင့်တူအောင် ပြောင်းလဲစေတော်မူလိမ့်မည်။ Ver CapítuloGarrad Bible21 ထို အ ရှင် သည် အ ရာ ခပ် သိမ်း ကို ကိုယ် တော် အောက် ချ ထား နိုင် သော တန် ခိုး တော် ဖြင့် ငါ တို့၏ နိမ့် ကျ သော ကိုယ် ခ န္ဓာ ကို ဘုန်း ကြီး သော ခ န္ဓာ တော် နှင့် တူ အောင် ပြောင်း လဲ စေ တော် မူ လိမ့် မည်။ Ver CapítuloJudson Bible21 ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏နည်းတူ ဖြစ်စေခြင်းငှာ အသစ် ပြင်ဆင်တော်မူလတ္တံ့။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း21 ကိုယ်တော်သည် အရာအားလုံးကို မိမိအာဏာစက်အောက်၌ ထားနိုင်စွမ်းရှိသောတန်ခိုးအားဖြင့် ကျွန်ုပ်တို့၏ လူ့ကိုယ်ခန္ဓာကို မိမိ၏ ဘုန်းအသရေနှင့် ပြည့်ဝသော ကိုယ်ခန္ဓာနှင့် တူစေရန် ပြောင်းလဲတော်မူလိမ့်မည်။ Ver Capítulo |