ဖိလိပ္ပိ 3:11 - မြန်မာ့စံမီသမ္မာကျမ်း11 သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းသို့ တစ်နည်းနည်းဖြင့် ရောက်ရှိနိုင်ရန်အတွက်ဖြစ်၏။ Ver CapítuloCommon Language Bible11 သို့မှသာငါကိုယ်တိုင်သေခြင်းမှရှင်ပြန်ထမြောက် ခွင့်ကိုရမည်ဟုမျှော်လင့်နိုင်ပေသည်။ Ver CapítuloGarrad Bible11 သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် ရာ သို့ ရောက် ခွင့် ရ လိမ့် မည်။ Ver CapítuloJudson Bible11 ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီ။ သေခြင်းမှ ထမြောက်သောအခွင့်ကို ငါရနိုင်ကောင်းလျှင်၊ ကိုယ်တော်သည် အသေခံတော်မူသည်နည်းတူ၊ ငါသည်လည်း အသေခံ၍ ထိုသခင်ကိုလည်းကောင်း၊ ထမြောက်တော်မူခြင်း၏ တန်ဖိုးကိုလည်းကောင်း၊ ဆင်းရဲခံတော်မူခြင်းကို ဆက်ဆံ၍ ခံခြင်းကိုလည်းကောင်း၊ သိကျွမ်းခြင်းငှာ၊ ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရသော ဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့်၊ ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 ဤသည်မှာ ကျွန်ုပ်ကိုယ်တိုင် သေခြင်းမှ ရှင်ပြန်ထမြောက်ခွင့်ကို တစ်နည်းနည်းဖြင့် ရနိုင်ရန် ဖြစ်၏။ Ver Capítulo |
ထိုသူတို့ထဲတွင် တစ်ဖွဲ့မှာ ဇဒ္ဒုကဲများဖြစ်ကြပြီး အခြားတစ်ဖွဲ့မှာ ဖာရိရှဲများဖြစ်ကြသည်ကို ပေါလုသိမြင်လျှင် “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါသည်။ အကျွန်ုပ်သည် သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းကြောင့် စစ်ဆေးစီရင်ခံနေရပါသည်”ဟု တရားလွှတ်တော်ရှေ့တွင် အော်ဟစ်ပြောဆိုလေ၏။