နေဟမိ 8:3 - မြန်မာ့စံမီသမ္မာကျမ်း3 ရေတံခါးရှေ့ရှိကွင်းပြင်တွင် မိုးလင်းချိန်မှစ၍ မွန်းတည့်ချိန်တိုင်အောင် နားလည်သဘောပေါက်နိုင်သော ယောက်ျားမိန်းမတို့ရှေ့၌ ဖတ်ပြ၏။ လူအပေါင်းတို့ကလည်း ထိုပညတ်တရားကျမ်းကို စိတ်ဝင်တစားနားထောင်ကြ၏။ Ver CapítuloCommon Language Bible3 တံခါးအနီးကွပ်လပ်တွင်မိုးလင်းခါစမှ မွန်းတည့်ချိန်တိုင်အောင်ဖတ်ပြ၏။ လူအပေါင်း တို့သည်အာရုံစိုက်၍နားထောင်ကြ၏။ Ver CapítuloGarrad Bible3 ၎င်း အ ရပ်၊ ထို သူ တို့ ရှေ့၊ နံ နက် မှ စ၍ မွန်း တည့် တိုင် အောင်၊ ပ ည တ္တိ ကျမ်း ကို ဖတ် ရွတ် ရာ၊ စေ့ စေ့ နား ထောင် ကြ၏။ Ver CapítuloJudson Bible3 နားလည်နိုင်သောသူ၊ ယောက်ျားမိန်းမတို့ ရှေ့မှာ နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ရေတံခါးလမ်းတွင် ဖတ်ရွတ်လေ၏။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏။ Ver Capítulo |
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။