နေဟမိ 4:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထို့ကြောင့် သူတို့သည် ဂျေရုဆလင်မြို့ကို လာတိုက်ရန်နှင့် အနှောင့်အယှက်ပေးရန် ပူးပေါင်းကြံစည်ကြ၏။ Ver CapítuloCommon Language Bible8 သို့ဖြစ်၍သူတို့သည်ယေရုရှလင်မြို့သို့ လာရောက်တိုက်ခိုက်၍ မြို့ကိုကစဥ့်ကလျား ဖြစ်အောင်ပြုလုပ်ရန်တိုင်ပင်ကြံစည်ကြ၏။- Ver CapítuloGarrad Bible8 အ မျက် ခြောင်း ခြောင်း ထွက် လျက်၊ ယေ ရု ရှ လင် မြို့၌ ကွဲ လွဲ ကြ စေ ရန် သွား ရောက် တိုက် ခိုက် ကြ ကုန် အံ့ ဟု၊ တိုင် ပင် ကြံ စည် ကြ၏။ Ver CapítuloJudson Bible8 ယေရုရှလင်မြို့ကို စစ်ချီ၍တိုက်မည်။ ထိုအမှုကို ဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင်ကြ၏။ Ver Capítulo |
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။
ထို့ကြောင့် ဂျေရုဆလင်မြို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ဘိသိက်ခံမင်းတစ်ပါးပေါ်ထွန်းမည့်နေ့အထိ ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု သိနားလည်လော့။ ခဲယဉ်းသောကာလများ၌ပင် ထိုမြို့၏လမ်းနှင့်ကျုံးတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ကြလိမ့်မည်။