နေဟမိ 2:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထိုအခါ ရှင်ဘုရင်က “သင်မည်သို့ပြုလိုသနည်း”ဟု ငါ့အား မေးတော်မူလျှင် ငါသည် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်း၏။ Ver CapítuloCommon Language Bible4 ဧကရာဇ်မင်းက``အဘယ်အရာကိုတောင်း လိုပါသနည်း'' ဟုမေးတော်မူ၏။ ငါသည်ကောင်းကင်ဘုံရှင်ဘုရားသခင် ထံတော်သို့ဆုတောင်းပတ္ထနာပြုပြီးမှ၊- Ver CapítuloGarrad Bible4 ဘု ရင် မင်း က၊ မည် သည့် အ ရာ ကို တောင်း လို သ နည်း ဟု မေး တော် မူ ရာ၊ ငါ သည် မိုး ကောင်း ကင့် ရှင် ဘု ရား သ ခင် ကို အာ ရုံ ပြု၍၊ Ver CapítuloJudson Bible4-5 ရှင်ဘုရင်က၊ အဘယ်သို့ တောင်းလျှောက်ချင်သနည်းဟု မေးတော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင်၊ ကျွန်တော်ဘိုးဘေး သင်္ချိုင်းရှိရာမြို့ကို ကျွန်တော်ပြုစုရမည်အကြောင်း၊ ယုဒပြည်သို့ စေလွှတ်တော်မူပါဟု ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ဆုတောင်းပြီးမှ လျှောက်လေ၏။ Ver Capítulo |
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။
ငါကလည်း သူတို့အား “ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အား အောင်မြင်ခွင့်ကို ပေးတော်မူမည်။ ကိုယ်တော်၏အစေအပါးများဖြစ်သောငါတို့သည် ထ၍ ပြန်လည်တည်ဆောက်ခြင်းအမှုကို ပြုမည်။ သင်တို့မူကား ဂျေရုဆလင်မြို့တွင် သင်တို့အဖို့ မည်သည့်ဝေစု၊ မည်သည့်အခွင့်အရေး၊ မည်သည့်အမှတ်ရစရာမျှ မရှိ”ဟု ဆိုလေ၏။