Biblia Todo Logo
La Biblia Online
- Anuncios -




နေ​ဟ​မိ 2:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 အာတဇေရဇ်​မင်းကြီး နန်းစံ​အနှစ်​နှစ်ဆယ်​မြောက်​၊ နိသန်​လ​တွင် ရှေ့​တော်​၌ ရှိ​သော စပျစ်ဝိုင်​ကို ငါ​သည် ယူ​၍ ရှင်ဘုရင်​ထံ ဆက်သ​၏​။ ထိုစဉ် ငါ​သည် ယခင်​က မဖြစ်စဖူး မျက်နှာ​ညှိုးငယ်​လျက်​ရှိ​၏​။

Ver Capítulo Copiar

Common Language Bible

1 လေး​လ​မျှ​ကုန်​လွန်​ပြီး​နောက်၊ တစ်​နေ့​သော အ​ခါ​၌​ဧ​က​ရာဇ်​မင်း​အာ​တ​ဇေ​ရဇ်​သည် ပွဲ​တော်​တည်​လျက်​နေ​စဉ် ငါ​သည်​သူ​၏​ထံ သို့​သွား​၍​စ​ပျစ်​ရည်​ကို​ဆက်​လေ​၏။ မင်း ကြီး​သည်​ယ​ခင်​အ​ဘယ်​အ​ခါ​၌​မျှ​ငါ ၏​မျက်​နှာ​ညှိုး​ငယ်​သည်​ကို​မ​တွေ့​မ​မြင် ဘူး​သ​ဖြင့်၊-

Ver Capítulo Copiar

Garrad Bible

1 အာ တ ဇေ ရဇ် မင်း နန်း စံ နှစ် ဆယ်၊ နိ သန် လ တွင်၊ ရှေ့ တော် သို့ စ ပျစ် ရည် သွင်း စဉ်၊ ငါ ယူ၍ ဆက် လေ ၏။ ယ မန် ရှေ့ တော် တွင် ငါ့ မျက် နှာ တစ် ခါ မျှ ညှိုး ဖူး သည် မ ဟုတ်။

Ver Capítulo Copiar

Judson Bible

1 အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ နိ​သန်​လ​တွင် ရှေ့​တော်၌ တင်​သော​စ​ပျစ်​ရည်​ကို ငါ​ကိုင်၍ ဆက်​လေ၏။

Ver Capítulo Copiar




နေ​ဟ​မိ 2:1
9 Referencias Cruzadas  

ငါ​သည် ဖာရော​မင်းကြီး​၏​ခွက်ဖလား​ကို​ကိုင်​ထား​လျက် ထို​စပျစ်သီး​တို့​ကို​ယူ​၍ ဖာရော​မင်းကြီး​၏​ခွက်ဖလား​ထဲသို့​ညှစ်ထည့်​ပြီးလျှင် ထို​ခွက်ဖလား​ကို ဖာရော​မင်းကြီး​၏​လက်​သို့​ဆက်သ​၏​”​ဟု ဆို​လေ​၏​။


ဖလားတော်ဝန်​အား ဖလားတော်ဝန်​ရာထူး​ကို​ပြန်ပေး​၍ သူ​သည် ဖာရော​မင်းကြီး​၏​လက်​သို့ ခွက်ဖလား​ကို ပြန်လည်​ဆက်သ​ခွင့်​ရ​ရှိ​လေ​၏​။


အာတဇေရဇ်​မင်းကြီး​လက်ထက်​၌​လည်း ဗိရှလံ​၊ မိသရေဒတ်​၊ တဗေလ​တို့​နှင့် ကျန်​အပေါင်းပါ​တို့​သည် ပါးရှား​ဘုရင်​အာတဇေရဇ်​မင်းကြီး​ထံသို့ စာ​ရေးသား​ပေးပို့​ကြ​၏​။ ထို​စာ​ကို အာရမိတ်​ဘာသာ​သို့ ဘာသာပြန်ဆို ရေးသား​ပေး​လိုက်​၏​။


ထိုသို့​ဖြစ်ပျက်​ပြီးနောက် ပါးရှား​ဘုရင်​အာတဇေရဇ်​မင်းကြီး စိုးစံ​သော​အချိန်​တွင် ဧဇရ​သည် ဘေဘီလုံ​မြို့​မှ ပြန်လာ​၏​။ ဧဇရ​ကား စရာယ​၏​သား​၊ စရာယ​သည် အာဇရိ​၏​သား​၊ အာဇရိ​သည် ဟိလခိ​၏​သား​၊


အာတဇေရဇ်​မင်းကြီး နန်းစံ​သတ္တမ​နှစ်​တွင် အချို့​သော အစ္စရေး​အမျိုးသား​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုးသား​များ​၊ သီချင်းသည်​များ​၊ တံခါးစောင့်​များ​၊ ဗိမာန်တော်​အစေအပါး​များ​သည် ဂျေရုဆလင်​မြို့​သို့ ပြန်လာ​ကြ​၏​။


ဟာခလိ​၏​သား​နေဟမိ​၏​စကား​များ​ကား ဤသို့​တည်း​။ အာတဇေရဇ်​မင်းကြီး​နန်းစံ​အနှစ်​နှစ်ဆယ်​မြောက်​၊ ခိသလု​လ​တွင် ငါ​သည် ရှုရှန်​နန်းတော်​၌ ရှိ​နေစဉ်


အို ဘုရားရှင်​၊ ကိုယ်တော့်​အစေအပါး​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ ကိုယ်တော်​၏​နာမ​တော်​အား ကြောက်ရွံ့ရိုသေ​ရ​သည်​ကို​နှစ်သက်​သော ကိုယ်တော့်​အစေအပါး​တို့​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ ယနေ့ ကိုယ်တော့်​အစေအပါး​အား အောင်မြင်​ခွင့်​ပေး​တော်မူ​ပါ​။ မင်းကြီး​ရှေ့​မှာ ဤ​လူ​မျက်နှာသာ​ရ​ပါစေသော​”​ဟု ဆုတောင်း​၏​။ ထိုစဉ်က ငါ​သည် ရှင်ဘုရင်​၏​ဖလားတော်ဝန် ဖြစ်​၏​။


ထို့ကြောင့် အာရွှေရု​မင်းကြီး​နန်းစံ​တစ်ဆယ့်​နှစ်​နှစ်​၊ နိသန်​ဟု​ခေါ်​သော​ပထမ​လ​တွင် ဟာမန်​ရှေ့​၌ တစ်ရက်​ပြီး​တစ်ရက်​၊ တစ်လ​ပြီး​တစ်လ ပုရ​မဲ​ကို​ချ​ရာ အာဒါ​ဟု​ခေါ်​သော​တစ်ဆယ့်​နှစ်​လ​တွင် မဲကျ​၏​။


ထို့ကြောင့် ဂျေရုဆလင်​မြို့​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ရန် အမိန့်​ထုတ်ပြန်​သည့်​နေ့​မှစ၍ ဘိသိက်ခံ​မင်း​တစ်ပါး​ပေါ်ထွန်း​မည့်​နေ့​အထိ ခုနစ်​သီတင်း​နှင့် ခြောက်ဆယ့်​နှစ်​သီတင်း​ကြာ​လိမ့်မည်​ဟု သိ​နားလည်​လော့​။ ခဲယဉ်း​သော​ကာလ​များ​၌​ပင် ထို​မြို့​၏​လမ်း​နှင့်​ကျုံး​တို့​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ကြ​လိမ့်မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos