နေဟမိ 12:35 - မြန်မာ့စံမီသမ္မာကျမ်း35 သူတို့နောက်တွင် ယဇ်ပုရောဟိတ်သားမြေးအချို့သည် တံပိုးခရာမှုတ်၍လိုက်ကြ၏။ ထိုသူတို့မှာ အာသပ်၏သား ဇက္ကုရ၊ ဇက္ကုရ၏သား မိက္ခာယ၊ မိက္ခာယ၏သား မတ္တနိ၊ မတ္တနိ၏သား ရှေမာယ၊ ရှေမာယ၏သား ယောနသန်၊ ယောနသန်၏သား ဇာခရိနှင့် Ver CapítuloCommon Language Bible35 ယဇ်ပုရောဟိတ်အချို့က တံပိုးခရာများမှုတ်၍လိုက်ကြ၏။ ထိုနောက်ရှေမာယ၏မြေး၊ ယောနသန်၏သားဇာခရိလိုက်လေသည်။ (သူ၏ဘိုးဘေးများတွင်အာသပ်သားချင်းစုဝင်ဖြစ်ကြသောမဿနိ၊ မိက္ခာယနှင့်ဇက္ကုရတို့လည်းပါဝင်လေသည်။-) Ver CapítuloGarrad Bible35 တံ ပိုး ကိုင် ပ ရော ဟိတ် ဂိုဏ်း သား အ ချို့ အာ သပ် သား၊ ဇ က္ကု ရ၊ ၎င်း သား မိ က္ခာ၊ ၎င်း သား မဿ နိ၊ ၎င်း သား ရှေ မာ ယ၊ ၎င်း သား ယော န သန်၊ ၎င်း သား ဇာ ခ ရိ နှင့်၊ Ver CapítuloJudson Bible35 တံပိုးကိုင်သော ယဇ်ပုရောဟိတ် အမျိုးသားအချို့၊ အာသပ်၊ ဇက္ကုရ၊ မိက္ခာယ၊ မဿနိ၊ ရှေမာယ၊ ယောနသန်တို့မှ ဆင်းသက်သော ဇာခရိ အစရှိသော၊ Ver Capítulo |
ဘုရားသခင်သည် ငါတို့နှင့်အတူ ရှိတော်မူသော ငါတို့၏ခေါင်းဆောင် ဖြစ်၏။ ယဇ်ပုရောဟိတ်များသည်လည်း သင်တို့နှင့်တိုက်ခိုက်ရန် တံပိုးခရာမှုတ်၍စစ်ငြာသံပေးလျက် ရှိ၏။ အို အစ္စရေးအမျိုးတို့၊ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားနှင့် စစ်မတိုက်ကြနှင့်။ သင်တို့အောင်နိုင်မည်မဟုတ်”ဟု အော်ပြော၏။
အာသပ်၊ ဟေမန်၊ ယေဒုသုန်နှင့် သူတို့၏သားမြေးများ၊ ညီအစ်ကိုများပါဝင်သော လေဝိအမျိုးသီချင်းသည်အပေါင်းတို့သည် ပိတ်ချောထည်ကို ဝတ်ဆင်လျက် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်များကိုင်ဆောင်လျက် ယဇ်ပလ္လင်အရှေ့ဘက်တွင် ရပ်နေကြ၏။ တံပိုးခရာမှုတ်ရသောယဇ်ပုရောဟိတ် အပါးတစ်ရာ့နှစ်ဆယ်တို့လည်း သူတို့နှင့်အတူ ရပ်နေကြ၏။