နာဟုံ 3:5 - မြန်မာ့စံမီသမ္မာကျမ်း5 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် သင့်ကိုဆန့်ကျင်၍ သင့်အဝတ်ကို သင့်မျက်နှာအုပ်သွားသည်အထိ လှန်ပစ်မည်။ ငါသည် သင် အဝတ်အချည်းစည်းရှိသည်ကို လူမျိုးတကာတို့အား ပြ၍ သင်အရှက်ကွဲသည်ကိုလည်း တိုင်းနိုင်ငံတို့အား ပြမည်။ Ver CapítuloCommon Language Bible5 အနန္တတန်ခိုးရှင်ထာဝရဘုရားက ``အို နိနေဝေမြို့ငါသည်သင့်ကိုအပြစ်ဒဏ် ခတ်မည်။ အဝတ်အချည်းစည်းဖြစ်စေ၍၊လူမျိုးတကာ တို့အား ရှုကြည့်ခွင့်ပေးမည်။ သင်အရှက်ကွဲသည်ကိုနိုင်ငံများ တွေ့မြင်ရကြလိမ့်မည်။ Ver CapítuloGarrad Bible5 ငါ သည် သင် နှင့် ဆန့် ကျင် ဘက် ပြု၍ ထ မီ လှစ် ခြင်း၊ လူ မျိုး ခြား နှင့် တိုင်း နိုင် ငံ ခြား များ ရှေ့ သင့် ရှက် ဘွယ် ရာ ကို ဘော် ပြ ခြင်း Ver CapítuloJudson Bible5 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်တစ်ဖက်၌ ငါနေ၏။ သင့်အဝတ်ကို သင်၏မျက်နှာပေါ်မှာလှန်၍ အတိုင်းတိုင်းအပြည်ပြည်ရှေ့မှာ သင်၌ အချည်းစည်းရှိခြင်း၊ အရှက်ကွဲခြင်းကို ငါပြမည်။ Ver Capítulo |
သဝန်တိုသောစိတ်ကြောင့် သင့်ကိုငါအမျက်ထွက်သည်ဖြစ်၍ သူတို့သည် အမျက်ပြင်းစွာဖြင့် သင့်ကိုစီရင်လိမ့်မည်။ သင့်နှာခေါင်း၊ နားရွက်တို့ကို ဖြတ်ပစ်လိမ့်မည်။ ကြွင်းကျန်သောသူတို့သည် ဓားဘေးဖြင့် သေဆုံးရလိမ့်မည်။ သင့်သားသမီးတို့ကို ဖမ်းခေါ်သွားလိမ့်မည်။ ကြွင်းကျန်သောသူတို့သည် မီးရှို့ခံရမည်။