ဒံယေလ 8:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထိုဗျာဒိတ်နိမိတ်ကိုမြင်ရစဉ် ငါသည် ဧလံပြည် ရှုရှန်နန်းတော်တွင် ရှိနေ၏။ ထိုဗျာဒိတ်နိမိတ်ထဲတွင် ငါသည် ဥလဲမြစ်နားသို့ ရောက်နေ၏။ Ver CapítuloCommon Language Bible2 ထိုဗျာဒိတ်ရူပါရုံထဲတွင်ငါသည်ဧလံ ပြည်နယ်မြို့ရိုးများကာရံထားသော ရှုရှန် မြို့တွင်းသို့ရုတ်တရက်ရောက်ရှိနေသည် ကိုတွေ့ရ၏။ ငါသည်ဥလဲမြစ်အနီးတွင် ရပ်၍၊- Ver CapítuloGarrad Bible2 ငါ ရှု ကြည့် မြင် ရ သည် ကား ဧ လံ ပြည် နယ် ရှု ရှန် နန်း တော်၌ နေ၍ မြင် ဆဲ တွင် ဥ လဲ မြစ် နား မှာ နေ သည် ဟု ငါ ထင် မြင်၏။ Ver CapítuloJudson Bible2 ဧလံပြည်၊ ရှုရှန်မြို့တော်၌ ဥလဲမြစ်နားမှာ ငါရှိစဉ်၊ ရူပါရုံထင်ရှား၍၊ Ver Capítulo |
ထိုအရပ်တွင် ဧလံဘုရင်ရှိ၏။ သူ့လူအလုံးအရင်းတို့သည် သူ၏သင်္ချိုင်းပတ်ပတ်လည်တွင်ရှိ၏။ သူတို့သည် အသက်ရှင်စဉ် လောကလူသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၍ ဓားဖြင့်အသတ်ခံရသူများ ဖြစ်ကြ၏။ ယခုမူ မြေကြီးအောက်ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ သူတို့သည် အသရေပျက်လျက် တွင်းနက်ထဲသို့ကျသွားကြလေပြီ။
ဗျာဒိတ်ရူပါရုံ၌ ငါမြင်ရသော မြင်းတို့နှင့်မြင်းစီးသူရဲတို့မှာ ဤသို့ဖြစ်၏။ မြင်းစီးသူရဲတို့၌ မီးလျှံရောင်၊ နက်ပြာရောင်နှင့် ကန့်ကဲ့သို့ဝါသော ရင်အုပ်တန်ဆာများရှိကြ၏။ မြင်းတို့၏ဦးခေါင်းသည် ခြင်္သေ့၏ဦးခေါင်းနှင့်တူ၍ သူတို့၏ခံတွင်းထဲမှ မီးလျှံ၊ မီးခိုးနှင့် ကန့်များထွက်နေကြ၏။