ဒံယေလ 8:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထိုသူကလည်း “ရက်ပေါင်း နှစ်ထောင့်သုံးရာ ကြာလိမ့်မည်။ ထို့နောက်မှ သန့်ရှင်းရာဌာနကို ပြန်လည်သန့်ရှင်းစေတော်မူလိမ့်မည်”ဟု ငါ့အား ပြောပြ၏။ Ver CapítuloCommon Language Bible14 ဒုတိယကောင်းကင်တမန်က``ရက်ပေါင်း တစ်ထောင့်တစ်ရာ့ငါးဆယ် ကြာလိမ့်မည်။ ထိုကာလအတောအတွင်း၌ နံနက်နှင့်ညဥ့်ဦးယံယဇ်ပူဇော်မှုများကို ပြုကြလိမ့်မည်မဟုတ်။ ထိုနောက်ဗိမာန်တော် သည်ပြန်လည်သန့်စင်၍လာလိမ့်မည်'' ဟု ပြန်ပြော၏။ Ver CapítuloGarrad Bible14 ထို သူ က ညဉ့် နှင့် နေ့ ပေါင်း နှစ် ထောင့် သုံး ရာ ကြာ ဖြစ် လိမ့် မည်။ သို့ ပြီး မှ သန့် ရှင်း ရာ ဌာ န တော် ကို စင် ကြယ် ပြန် စေ လိမ့် မည် ဟု ငါ့ အား ပြန် ပြော လေ ၏။ Ver CapítuloJudson Bible14 ယခင်ပြောသောသူက ရက်ပေါင်းနှစ်ထောင်သုံးရာ တိုင်တိုင်တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တစ်ဖန် ဆေးကြောသုတ်သင်ကြလိမ့်မည်ဟု ပြန်၍ ပြောဆို၏။ Ver Capítulo |
ထိုအခါ မြစ်ရေပြင်အထက်တွင်ရှိသော ပိတ်ချောထည်ဝတ်ဆင်ထားသူက လက်နှစ်ဖက်ကို ကောင်းကင်သို့မြှောက်၍ “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက် ကြာလိမ့်မည်။ သန့်ရှင်းသူတို့၏အင်အားကို တစ်စစီဖြိုခွဲပြီးမှ ဤအံ့ဖွယ်အမှုအားလုံး၏အဆုံးသည် ရောက်လိမ့်မည်”ဟု ထာဝရအသက်ရှင်တော်မူသောအရှင်ကို တိုင်တည်၍ ပြောဆိုသည်ကို ငါကြားရ၏။
ထိုဘုရင်သည် အမြင့်ဆုံးသောအရှင်ကို ဆန့်ကျင်ပြောဆို၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူများကို ဖိနှိပ်ချုပ်ချယ်မည်။ သူသည် အချိန်ကာလနှင့် ဥပဒေတို့ကို ပြောင်းလဲပစ်ရန် ကြိုးစားလိမ့်မည်။ သန့်ရှင်းသူတို့သည်လည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူ့လက်သို့ ကျရောက်ရလိမ့်မည်။