ဒံယေလ 8:12 - မြန်မာ့စံမီသမ္မာကျမ်း12 ဗိုလ်ခြေတို့သည် ကျူးလွန်သောအပြစ်ကြောင့် ပုံမှန်ပူဇော်သက္ကာနှင့်တကွ သူ့လက်သို့အပ်နှံခြင်းခံရလေ၏။ ထိုချိုသည် သမ္မာတရားကိုမြေကြီးပေါ်သို့ပစ်ချလေ၏။ သူပြုသောအမှုသည် အောင်မြင်၏။ Ver CapítuloCommon Language Bible12 လူတို့သည်နေ့စဉ်ပူဇော်နေကျယဇ်များ ကိုပူဇော်မည့်အစားစစ်မှန်သောဘာသာ တရားကိုမြေသို့တိုင်အောင်ရှုတ်ချကြ၏။ ထိုဦးချိုသည်ပြုလေသမျှသောအမှု တို့တွင်အောင်မြင်လေသည်။ Ver CapítuloGarrad Bible12 လွန် ကျူး မှု များ သော ကြောင့် ဆက် မြဲ ပူ ဇော် သ က္ကာ နှင့် တ ကွ တစ် ဗိုလ် ခြေ ကို လွှဲ အပ် ရ ယူ သ ဖြင့် သ မ္မာ တ ရား တော် ကို လည်း မြေ သို့ ချ လျက် အ ကြံ ထ မြောက် လေ၏။ Ver CapítuloJudson Bible12 အပြစ်များသောကြောင့် နေ့ရက်အစဉ် ပြုသောဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ၍ သမ္မာတရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍ အောင်မြင်ခြင်းသို့ ရောက်လေ၏။ Ver Capítulo |
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။