ဒံယေလ 6:20 - မြန်မာ့စံမီသမ္မာကျမ်း20 ဒံယေလရှိရာတွင်းဝနားသို့ရောက်လာသောအခါ ဝမ်းနည်းသောအသံဖြင့် ရှင်ဘုရင်က “အသက်ရှင်တော်မူသောဘုရားသခင်၏ကျွန် ဒံယေလ၊ သင် အမြဲကိုးကွယ်သောသင်၏ဘုရားသခင်သည် သင့်ကို ခြင်္သေ့တို့၏ဘေးမှ ကယ်တင်ပြီလော”ဟု ဒံယေလအား မေးလေ၏။ Ver CapítuloCommon Language Bible20 ခြင်္သေ့တွင်းသို့ရောက်သောအခါစိုးရိမ်ပူ ပန်သောအသံနှင့်``အသက်ရှင်တော်မူသော ဘုရား၏အစေခံ၊ ဒံယေလ၊ သင်သစ္စာရှိ စွာကိုးကွယ်သောဘုရားသခင်သည်သင့် အားခြင်္သေ့များ၏ဘေးမှကယ်တော်မူ နိုင်ပါ၏လော'' ဟုမေးတော်မူ၏။ Ver CapítuloGarrad Bible20 ဒံ ယေ လ ရှိ ရာ ထို တွင်း သို့ ရောက် သော် ငို သံ နှင့် ဒံ ယေ လ ကို ခေါ် လျက် အ သက် ရှင် တော် မူ သော ဘု ရား သ ခင်၏ ကျွန် ဒံ ယေ လ၊ အ စဉ် မ ပြတ် သင် ကိုး ကွယ် သော ဘု ရား သ ခင် သည် ခြင်္သေ့ ဘေး မှ သင့် ကို ကယ် လွှတ် နိုင် တော် မူ ပါ၏ လော ဟု မေး ရာ၊ Ver CapítuloJudson Bible20 ရောက်လျှင်၊ ငိုကြွေးသောအသံနှင့် ဒံယေလကိုခေါ်၍၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ကျွန်ဒံယေလ၊ သင်မပြတ် ကိုးကွယ်သော ဘုရားသခင်သည် သင့်ကိုခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလောဟု မေးတော်မူ၏။ Ver Capítulo |
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။