ဒံယေလ 4:35 - မြန်မာ့စံမီသမ္မာကျမ်း35 မြေကြီးသားတို့ကို ဘာမျှမဟုတ်သောအရာကဲ့သို့ မှတ်တော်မူ၏။ ကောင်းကင်သားကိုဖြစ်စေ၊ မြေကြီးသားကိုဖြစ်စေ အလိုရှိသည့်အတိုင်း ပြုတော်မူ၏။ ကိုယ်တော်၏လက်တော်ကို ဆီးတားနိုင်သောသူမရှိ။ “ကိုယ်တော် မည်သို့ပြုဘိသနည်း”ဟု ဆိုနိုင်သောသူမရှိ။ Ver CapítuloCommon Language Bible35 ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။ Ver CapítuloGarrad Bible35 လော က၌ နေ ထိုင် သူ ရှိ သ မျှ တို့ သည် အ ရေး ယူ တော် မ မူ ဖွယ် ရာ ဖြစ် လျက် ကောင်း ကင် ဗိုလ် ခြေ တို့ တွင် လည်း ကောင်း၊ လော က၌ နေ ထိုင် သူ တို့ တွင် လည်း ကောင်း စီ ရင် ပြု ပြင် တော် မူ၏။ မည် သို့ ပြု သ နည်း ဟု ဆို လျက် လက် ရုံး တော် ကို ဆီး ကာ နိုင် သူ မ ရှိ။ Ver CapítuloJudson Bible35 မြေကြီးသားအပေါင်းတို့သည် ရှေ့တော်၌ အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်ဗိုလ်ခြေတို့၌လည်းကောင်း၊ မြေကြီးသားတို့၌လည်းကောင်း အလိုတော်ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်။ အဘယ်သို့ပြုသနည်းဟု ကိုယ်တော်ကို ဆိုနိုင်သောသူမရှိ။ Ver Capítulo |