ဒံယေလ 4:19 - မြန်မာ့စံမီသမ္မာကျမ်း19 ဗေလတရှာဇာ ခေါ် ဒံယေလလည်း အနည်းငယ်မျှတွေဝေနေ၏။ တွေးပြီး ထိတ်လန့်နေ၏။ ရှင်ဘုရင်ကလည်း “ဗေလတရှာဇာ၊ အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ် ဖော်ပြရမည်ကို မစိုးရိမ်ပါနှင့်”ဟု မိန့်ဆိုလျှင် ဗေလတရှာဇာက “အရှင်မင်းကြီး၊ ဤအိပ်မက်သည် မင်းကြီးကိုမုန်းသောသူများအတွက်သာ ဖြစ်ပါစေသော၊ အိပ်မက်အနက်အဓိပ္ပာယ်သည်လည်း မင်းကြီး၏ရန်သူများအတွက်သာ ဖြစ်ပါစေသော။ Ver CapítuloCommon Language Bible19 ထိုအခါဗေလတရှာဇာဟုလည်းနာမည် တွင်သောဒံယေလသည် အလွန်ထိတ်လန့် သွားသဖြင့်စကားပင်မပြောနိုင်ဘဲနေ ၏။ မင်းကြီးက``အချင်းဗေလတရှာဇာ၊ အိပ်မက်နှင့်အိပ်မက်၏အနက်ကြောင့်ထိတ် လန့်ခြင်းမရှိနှင့်'' ဟုမိန့်တော်မူလျှင်၊ ဗေလတရှာဇာက``အရှင်မင်းကြီး၊ ထိုအိပ် မက်နှင့်အနက်သည်အရှင်၏အတွက်မဟုတ် ဘဲအရှင်၏ရန်သူများအတွက်ဖြစ်ပါစေ သော။- Ver CapítuloGarrad Bible19 ထို အ ခါ ဗေ လ တ ရှာ ဇာ ဘွဲ့ ခံ ဒံ ယေ လ သည် အ တန် ငယ် မှိုင် တွေ လျက် ဆင် ခြင် ပူ ပန် လေ၏။ ဘု ရင် မင်း က လည်း အ ချင်း ဗေ လ တ ရှာ ဇာ၊ အိပ် မက် နှင့် အ နက် အ တွက် ပူ ပန် သော စိတ် မ ရှိ ပါ နှင့် ဟု မိန့် ဆို သော် ဗေ လ တ ရှာ ဇာ က အ ရှင် မင်း မြတ်၊ အိပ် မက် သည် အ ရှင် ကို မုန်း ထား သူ တို့ အ ပေါ်၌ လည်း ကောင်း၊ အ နက် လည်း ရန် သူ တို့ အ ပေါ်၌ လည်း ကောင်း သင့် ရောက် ပါ စေ သော။ Ver CapítuloJudson Bible19 ထိုအခါ ဗေလတရှာဇာ အမည်ရှိသော ဒံယေလသည် တစ်နာရီလောက် မိန်းမောတွေဝေ၍ စိတ်ပူပန်လျက်နေ၏။ ရှင်ဘုရင်က၊ အချင်းဗေလတရှာဇာ၊ အိပ်မက် အနက်အဓိပ္ပာယ်ကြောင့် ပူပန်သောစိတ်မရှိပါနှင့်ဟု မိန့်တော်မူ၏။ ဗေလတရှာဇာကလည်း၊ အရှင်စော၊ ကိုယ်တော်ကို မုန်းသော ရန်သူတို့အပေါ်၌ အိပ်မက်အနက်ရောက်ပါစေသော။ Ver Capítulo |
ဗေလတရှာဇာဟု ခမည်းတော်က နာမည်ပေးထားသောဒံယေလ၌ ထူးကဲသောဉာဏ်၊ အသိပညာ၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ အိပ်မက်အနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ စကားထာအနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်သောဉာဏ် ရှိကြောင်းသိရပါ၏။ ထို့ကြောင့် ဒံယေလကိုဆင့်ခေါ်ပါ။ သူသည် အနက်အဓိပ္ပာယ်ကိုဖော်ပြပေးပါလိမ့်မည်”ဟု ဆိုလေ၏။
ထိုသို့ ဘုန်းတန်ခိုးကို ပေးတော်မူသောကြောင့် နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ၏ရှေ့တွင် ကြောက်ရွံ့တုန်လှုပ်ကြရပါ၏။ သူသည် သတ်လိုသောသူကို သတ်၍ အသက်ချမ်းသာပေးလိုသောသူကို ပေးပါ၏။ ချီးမြှောက်လိုသောသူကို ချီးမြှောက်၍ နှိမ့်ချလိုသောသူကို နှိမ့်ချပါ၏။