ဒံယေလ 4:12 - မြန်မာ့စံမီသမ္မာကျမ်း12 အရွက်များ ဝေဆာလှပပြီး အသီးလည်း လှိုင်လှိုင်သီးသောကြောင့် ထိုအပင်ကို မှီခိုသောသတ္တဝါအားလုံး စားစရာရရှိကြ၏။ တောတိရစ္ဆာန်တို့သည် ထိုအပင်အောက်၌ အရိပ်ခိုကြပြီး မိုးကောင်းကင်ငှက်တို့သည်လည်း ထိုအပင်၏အကိုင်းအခက်များတွင် အသိုက်ကိုလုပ်ကြ၏။ သက်ရှိသတ္တဝါအားလုံးတို့သည် ထိုအပင်ကို မှီခိုစားသုံးကြ၏။ Ver CapítuloCommon Language Bible12 ထိုသစ်ပင်၏အကိုင်းအခက်တို့သည်လှပ ဝေဆာလျက် အသီးလည်းပေါများသဖြင့် တစ်ကမ္ဘာလုံးစားသုံးနိုင်၏။ တောတိရစ္ဆာန် တို့သည်ထိုအပင်၏အရိပ်တွင်နားနေကြ၏။ ငှက်တို့သည်အကိုင်းအခက်များတွင်အသိုက် လုပ်ကြ၏။ သက်ရှိသတ္တဝါအပေါင်းတို့သည် ထိုအပင်၏အသီးကိုစားကြ၏။ Ver CapítuloGarrad Bible12 အ ရွက် လည်း လှ ပ စည် ပင် လျက် အ သီး လည်း ပေါ များ သ ဖြင့် သ တ္တ ဝါ အ ပေါင်း တို့ စား သုံး ရန် ဖြစ်၏။ မြေ သ တ္တ ဝါ သည် အ ရိပ်၌ လည်း ကောင်း၊ လေ သ တ္တ ဝါ သည် အ ကိုင်း အ ခက်၌ လည်း ကောင်း မှီ ခို ရ သည့် ပြင် ရှိ သ မျှ တို့ သည် စား သောက် ရ ကြ၏။ Ver CapítuloJudson Bible12 အရွက်လည်းလှ၏။ သတ္တဝါအပေါင်းတို့စား၍ ဝလောက်သောအသီးနှင့် ပြည့်စုံ၏။ မြေတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ်၌ ခိုကြ၏။ အခက်အလက်တို့၌ ကောင်းကင်ငှက်တို့သည် နားနေကြ၏။ Ver Capítulo |