ဒံယေလ 2:30 - မြန်မာ့စံမီသမ္မာကျမ်း30 အကျွန်ုပ်အား ဤနက်နဲသောအရာကို ဖွင့်ပြသည်မှာလည်း အကျွန်ုပ်သည် သက်ရှိလူသားအပေါင်းတို့ထက်ပို၍ ဉာဏ်ပညာရှိသောကြောင့်မဟုတ်ဘဲ အရှင်မင်းကြီးအား အိပ်မက်အနက်အဓိပ္ပာယ်ကို ဖော်ပြ၍ မင်းကြီးစိတ်ထဲရှိအတွေးတို့ကို မင်းကြီးအား သိစေရန် ဖြစ်၏။ Ver CapítuloCommon Language Bible30 ဘုရားသခင်သည်ယင်းသို့လျှို့ဝှက်ခက်ခဲ သည့်အရာကို အကျွန်ုပ်အားသိစေတော် မူသည်မှာအကျွန်ုပ်သည် အခြားသူအပေါင်း တို့ထက်ပို၍အသိပညာရှိသောကြောင့် မဟုတ်ပါ။ အရှင်မင်းကြီးအားအိပ်မက်၏ အနက်ကိုသိရှိစေရန်နှင့် နှလုံးတော်ဆင် ခြင်ချက်များကိုနားလည်လာစေရန်ပင် ဖြစ်ပါ၏။ Ver CapítuloGarrad Bible30 အ သက် ရှင် သူ တ ကာ တို့ ထက် ကျွန် တော် မျိုး သည် ပ ညာ ရှိ သော ကြောင့် မ ဟုတ် ပါ။ အိပ် မက် တော့် အ နက် ကို လည်း ကောင်း၊ နှလုံး တော် ဆင် ခြင် ချက် ကို လည်း ကောင်း ဘု ရင် မင်း မြတ် သိ စေ ခြင်း ငှာ သာ ထို ကွယ် ဝှက် ရာ သည် ကျွန် တော် မျိုး၌ ထင် ရှား လျက် ရှိ ပါ၏။ Ver CapítuloJudson Bible30 ဤနက်နဲသောအရာကိုကား၊ အခြားသော သတ္တဝါအပေါင်းတို့ထက် အကျွန်ုပ်သာ၍ ပညာရှိသောကြောင့်၊ အကျွန်ုပ်အား ဘုရားသခင် ဖွင့်ပြတော်မူသည် မဟုတ်ပါ။ ကိုယ်တော်သည် စိတ်နှလုံးတော်၏အထင်ကို နားလည်မည်အကြောင်း၊ ထိုအနက်ကို အကျွန်ုပ်ပြန်ကြား လျှောက်ထားစိမ့်သောငှာသာ ဘုရားသခင် ဖွင့်ပြတော်မူ၏။ Ver Capítulo |
ကြည့်ရှုလော့။ တောင်တို့ကို ပုံဖော်၍ လေကို ဖန်ဆင်းတော်မူသောအရှင်၊ လူ၏အတွေးကို လူအား သိမြင်စေသောအရှင်၊ အရုဏ်ဦးကို အမှောင်ကျစေပြီး မြေကြီးပေါ်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို နင်းနယ်တော်မူသောအရှင်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဟူ၍ဖြစ်၏။