ဒံယေလ 2:18 - မြန်မာ့စံမီသမ္မာကျမ်း18 ဤနက်နဲသောအရာကြောင့် ဒံယေလနှင့် သူ၏အပေါင်းအဖော်တို့သည် အခြားဘေဘီလုံပညာရှိတို့နှင့်အတူ ကွပ်မျက်မခံရစေရန် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်းအသနားခံကြမည့်အကြောင်း တိုက်တွန်းလေ၏။ Ver CapítuloCommon Language Bible18 ``ငါတို့သည်ဗာဗုလုန်မြို့၌ရှိသောအခြား အတိုင်ပင်ခံအရာရှိများနှင့်အတူကွပ်မျက် ခြင်းမခံကြရလေအောင် ကောင်းကင်ဘုံရှင် ဘုရားသခင်သည်ကရုဏာထားတော်မူ၍ ခက်ခဲနက်နဲသောအိပ်မက်ကိုငါတို့အား ရှင်းလင်းဖော်ပြတော်မူရန်အထံတော်သို့ ဆုတောင်းပတ္ထနာပြုကြကုန်အံ့'' ဟုဆို၏။- Ver CapítuloJudson Bible18 ငါတို့သည် အခြားသော ဗာဗုလုန်ပညာရှိတို့နှင့်အတူ မသေမပျောက်စေခြင်းငှာ၊ ဤနက်နဲသောအရာ၌ ကရုဏာ ကျေးဇူးတော်ကို ခံရမည်အကြောင်း၊ ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ဆုတောင်းကြကုန်အံ့ဟု ပြောဆို၏။ Ver Capítulo |
ရာဗရှာခ၏သခင် အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားကို သင်၏ဘုရားသခင်ထာဝရဘုရား ကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
အို ဘိုးဘေးတို့၏ဘုရားသခင်၊ ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား ဉာဏ်ပညာနှင့် အစွမ်းတန်ခိုးကိုပေး၍ အကျွန်ုပ်တောင်းလျှောက်သောအရာကို ဖွင့်ပြတော်မူပြီ။ အကျွန်ုပ်တို့အား ရှင်ဘုရင်၏အိပ်မက်ကို သိစေတော်မူပါပြီ”ဟူ၍ ချီးမွမ်းမြွက်ဆိုလေ၏။