ဒံယေလ 12:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထိုစကားတို့ကိုကြားရသော်လည်း ငါနားမလည်။ ထို့ကြောင့် ငါက “အကျွန်ုပ်၏သခင်၊ ဤအံ့ဖွယ်အမှုတို့၏အဆုံး၌ မည်သို့ဖြစ်မည်နည်း”ဟု သူ့အား မေးလျှောက်၏။ Ver CapítuloCommon Language Bible8 ထိုသူပြောသောစကားကိုကြားသော်လည်း ငါသည်နားမလည်သဖြင့်``သို့ရာတွင်အရှင်၊ ထိုအမှုအရာများသည်အဘယ်သို့အဆုံး သတ်ပါမည်နည်း'' ဟုမေး၏။ Ver CapítuloGarrad Bible8 ကြား ရ လျက် နား မ လည် သော ကြောင့် ငါ က၊ ထို အ ရာ များ၏ အ ဆုံး စွန် ကား။ မည် သို့ ဖြစ် ပါ သ နည်း ဟု မေး လျှောက် ရာ။ Ver CapítuloJudson Bible8 ထိုစကားကို ငါကြား၍ နားမလည်သောကြောင့်၊ သခင်ဘုရား၊ ဤအမူအရာတို့သည် အဘယ်သို့ ကုန်စင်ပါမည်နည်းဟု မေးလျှောက်လျှင်၊ Ver Capítulo |
ထိုအခါ မြစ်ရေပြင်အထက်တွင်ရှိသော ပိတ်ချောထည်ဝတ်ဆင်ထားသူက လက်နှစ်ဖက်ကို ကောင်းကင်သို့မြှောက်၍ “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက် ကြာလိမ့်မည်။ သန့်ရှင်းသူတို့၏အင်အားကို တစ်စစီဖြိုခွဲပြီးမှ ဤအံ့ဖွယ်အမှုအားလုံး၏အဆုံးသည် ရောက်လိမ့်မည်”ဟု ထာဝရအသက်ရှင်တော်မူသောအရှင်ကို တိုင်တည်၍ ပြောဆိုသည်ကို ငါကြားရ၏။
ထိုအခါ သန့်ရှင်းသူတစ်ပါး၏စကားသံကို ငါကြားရ၏။ စကားပြောနေသော ထိုသန့်ရှင်းသူတစ်ပါးကို အခြားသန့်ရှင်းသူတစ်ပါးက “ဗျာဒိတ်နိမိတ်ထဲတွင် နေ့စဉ်ပူဇော်သက္ကာ၊ လူဆိတ်ညံရာဖြစ်စေသောအပြစ်၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေတို့ကို နင်းချေအပ်နှံခြင်းတို့နှင့်ဆိုင်သောအဖြစ်အပျက်သည် မည်မျှကြာကြာဖြစ်မည်နည်း”ဟု မေးမြန်းပြောဆိုသည်ကို ငါကြားရ၏။