ဒံယေလ 11:11 - မြန်မာ့စံမီသမ္မာကျမ်း11 တောင်ဘုရင်လည်း ခံပြင်း၍ မြောက်ဘုရင်ကို ထွက်တိုက်မည်။ မြောက်ဘုရင်သည် စစ်သည်အလုံးအရင်းစုဆောင်းထားသော်လည်း ထိုစစ်သည်အလုံးအရင်းသည် တောင်ဘုရင်လက်သို့ ရောက်သွားရလိမ့်မည်။ Ver CapítuloCommon Language Bible11 အီဂျစ်ဘုရင်သည်ဒေါသအမျက်ထွက် သဖြင့် ဆီးရီးယားဘုရင်အားစစ်ဆင်တိုက် ခိုက်ပြီးလျှင် သူ၏အင်အားကြီးမားသော တပ်မတော်ကိုဖမ်းဆီးရမိလိမ့်မည်။- Ver CapítuloGarrad Bible11 တောင် ဘု ရင် သည် မျက် မာန် ထ သ ဖြင့် မြောက် ဘု ရင် ကို ဆီး ကြို တိုက် ခိုက် ရာ ၎င်း ဘု ရင် သည် များ စွာ သော အ လုံး အ ရင်း ကို စီ စဉ် သော် လည်း ထို အ လုံး အ ရင်း သည် ရန် ဘက် မင်း လက် သို့ ရောက် လိမ့် မည်။ Ver CapítuloJudson Bible11 တောင်ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ မြောက်ရှင်ဘုရင်ကို ဆီးကြို၍ တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည် များစွာသော စစ်သည်ဗိုလ်ခြေအလုံးအရင်းတို့ကို စီရင်သော်လည်း၊ တောင်ရှင်ဘုရင်သည် ထိုအလုံးအရင်းတို့ကို သိမ်းယူလိမ့်မည်။ Ver Capítulo |
ထိုအခါ ဘုရားသခင်၏လူသည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်က ‘ထာဝရဘုရားသည် တောင်ကိုပိုင်သောဘုရားသာဖြစ်၏။ လွင်ပြင်ကိုပိုင်သောဘုရား မဟုတ်ပါ’ဟု ဆိုလေပြီ။ ထို့ကြောင့် ဤစစ်သည်ထုကြီးကို သင့်လက်သို့ ငါအပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
သိုးထီးအနီးသို့ ရောက်လာသောအခါ အမျက်ဒေါသဖြင့် သိုးထီးကိုတိုက်ခိုက်ပြီး သိုးထီး၏ချိုနှစ်ချောင်းအား ချိုးဖဲ့ပစ်သည်ကို ငါမြင်ရ၏။ သိုးထီး၌ ဆိတ်ထီးကို ယှဉ်နိုင်သောခွန်အားမရှိ။ ဆိတ်ထီးသည် သူ့ကိုမြေပေါ်တွင်လှဲချကာ နင်းချေပစ်၏။ မည်သူမျှ သူ့ကို ဆိတ်ထီးလက်မှ မကယ်နုတ်နိုင်။