Biblia Todo Logo
La Biblia Online
- Anuncios -




ဒံ​ယေ​လ 1:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ကိုယ်အင်္ဂါ​မ​ချို့ယွင်း​သူ​၊ ကိုယ်ခန္ဓာ​သန်မာ​ထွားကျိုင်း​သူ​၊ ဘက်စုံထူးချွန်​သူ​၊ အသိပညာ​ကြွယ်ဝ​သူ​၊ နန်းတွင်း​၌​အမှုထမ်း​နိုင်စွမ်း​သူ လူငယ်​တို့​ကို ခါလဒဲ​စာပေ​နှင့် ဘာသာစကား​ကို သင်ကြား​ပေး​ရန် အမိန့်ပေး​လေ​၏​။

Ver Capítulo Copiar

Judson Bible

4 မ​ကောင်း​သော လ​က္ခ​ဏာ​ကင်း​လျက်၊ လှ​သော​အ​ဆင်း​သ​ဏ္ဌာန်​နှင့် ပြည့်​စုံ၍၊ ကောင်း​သော​ဉာဏ်​နှင့် တ​ကွ အ​ထူး​ထူး​အ​ပြား​ပြား​သော အ​တတ်​ပ​ညာ​များ​ကို လေ့​ကျက်၍၊ နန်း​တော်၌ အ​မှု​ထမ်း​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​လူ​ပျို​တို့​ကို ဣ​သ​ရေ​လ မင်း​မျိုး​မင်း​သား​ထဲ​က ရွေး​ကောက်၍၊ ခါ​လ​ဒဲ​ဘာ​သာ​အ​တတ်​ကို​သင်​စေ​ဟု အ​မိန့်​တော်​ရှိ၏။

Ver Capítulo Copiar




ဒံ​ယေ​လ 1:4
23 Referencias Cruzadas  

ယောသပ်​သည် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​ထံ၌ အမှုထမ်း​သောအခါ အသက်​သုံးဆယ်​ရှိ​ပြီ​ဖြစ်​၏​။ ယောသပ်​သည် ဖာရော​မင်းကြီး​ထံ​မှ​ထွက်လာ​၍ အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​လှည့်လည်​ကြည့်ရှု​၏​။


အစ္စရေး​လူမျိုး​တစ်မျိုးလုံး​တွင် အဗရှလုံ​ကဲ့သို့ အများ​ချီးမွမ်း​ရ​လောက်အောင် ရုပ်ရည်ခန့်ညား​သူ​မ​ရှိ​။ ခြေဖျား​မှ ဦးခေါင်း​အထိ ခြောက်ပြစ်ကင်းသူ​ဖြစ်​၏​။


မိမိ​အလုပ်​တွင် ကျွမ်းကျင်​သော​သူ​ကို သင်​မြင်​သလော​။ ထို​သူ​သည် ရှင်ဘုရင်​တို့​ရှေ့မှောက်​၌ ခစား​ရ​လိမ့်မည်​။ သာမန်​လူ​တို့​ရှေ့​၌ ခစား​ရ​လိမ့်မည်​မ​ဟုတ်​။


ဉာဏ်ပညာ​သည် ပညာရှိ​သော​သူ​ကို မြို့​ထဲ၌​ရှိ​သော​အုပ်ချုပ်​သူ​ဆယ်​ဦး​ထက် ပို၍​အားကြီး​စေ​တတ်​၏​။


ထိုအခါ ဧလျာကိမ်​၊ ရှေဗန​၊ ယောအာ​တို့​က ရာဗရှာခ​အား “​အာရမိတ်​ဘာသာ​စကား​ကို ကျွန်တော်မျိုး​တို့​နားလည်​သည်​ဖြစ်၍ ကျွန်တော်မျိုး​တို့​အား အာရမိတ်​ဘာသာ​စကား​နှင့်​ပြော​ပါ​လော့​။ မြို့ရိုး​ပေါ်​ရှိ​လူ​တို့​ကြားသိ​အောင် ယုဒ​ဘာသာစကား​ဖြင့် မ​ပြော​ပါ​နှင့်​”​ဟု ဆို​ကြ​၏​။


ထာဝရဘုရား​က “အို အစ္စရေး​လူမျိုး​၊ ကြည့်ရှု​လော့​။ ဝေး​သော​အရပ်​မှ လူမျိုးခြား​တစ်မျိုး​ကို သင့်​ထံ ငါ​ခေါ်ဆောင်​လာ​မည်​။ ထို​လူမျိုး​သည် အားကြီး​သော​လူမျိုး​၊ ရှေးကာလ​ကပင် ရှိ​နှင့်​သော​လူမျိုး​၊ သူ​တို့​ဘာသာစကား​ကို သင်​မ​သိ​၊ သူ​တို့​ပြော​သော​စကား​ကို သင်​နား​မ​လည်​သော လူမျိုး​ဖြစ်​၏​။


ခါလဒဲ​ပညာရှိ​တို့​က​လည်း ရှင်ဘုရင်​အား “​အရှင်မင်းကြီး​သိလို​သော​အရာ​ကို ဖော်ပြ​နိုင်​မည့်​သူ ဤ​ကမ္ဘာ​မှာ တစ်ယောက်​မျှ​ရှိ​မည်​မ​ဟုတ်​ပါ​။ မည်သည့်​တန်ခိုးကြီး​သော​ရှင်ဘုရင်​က​မျှ​လည်း မှော်ဆရာ​၊ ဗေဒင်ဆရာ​၊ ခါလဒဲ​ပညာရှိ​တို့​ကို ဤသို့ မေးမြန်း​လေ့​မ​ရှိ​ပါ​။


ထို့ကြောင့် ရှင်ဘုရင်​၏​အိပ်မက်​များ​ကို ဖော်ပြ​ရန် ရှင်ဘုရင်​သည် နတ်ဝိဇ္ဇာဆရာ​များ​၊ ဂမ္ဘီရဆရာ​များ​၊ မှော်ဆရာ​များ​နှင့်​ခါလဒဲ​ပညာရှိ​တို့​ကို ဆင့်ခေါ်​စေ​၏​။ သူ​တို့​သည်​လည်း ရှင်ဘုရင်​ရှေ့မှောက်​၌ လာ​၍​ရပ်​နေ​ကြ​၏​။


ထိုအခါ ခါလဒဲ​ပညာရှိ​တို့​သည် လာ​၍ ဂျူး​လူမျိုး​တို့​ကို စွပ်စွဲ​ကြ​၏​။


မှော်ဆရာ​များ​၊ ဗေဒင်ဆရာ​များ​၊ ခါလဒဲ​ပညာရှိ​များ​၊ နက္ခတ်ဗေဒ​ပညာရှင်​များ​အား ငါ့​အိပ်မက်​ကို ပြောပြ​သော်လည်း မည်သူ​မျှ​အိပ်မက်​အနက်အဓိပ္ပာယ်​ကို မ​ဖော်ပြ​ပေး​နိုင်​ကြ​။


အရှင်မင်းကြီး​၏​နိုင်ငံ​တော်​တွင် သန့်ရှင်း​သော​ဘုရား​များ​၏​ဝိညာဉ်​နှင့်​ပြည့်​သော​သူ​တစ်ဦး ရှိ​ပါ​၏​။ ထို​သူ​သည် အရှင်မင်းကြီး​၏​ခမည်းတော်​လက်ထက်​ကပင် ဉာဏ်​အလင်း​၊ ပိုင်းခြား​သိ​နိုင်​သော​ဉာဏ်​၊ ဘုရား​ဉာဏ်​နှင့်​တူ​သော​ဉာဏ် ရှိ​သော​သူ​အဖြစ် ကျော်ကြား​ခဲ့​၏​။ အရှင်မင်းကြီး​၏​ခမည်းတော်​နေဗုခဒ်နေဇာ​မင်းကြီး​သည် သူ့​အား မှော်ဆရာ​များ​၊ ဗေဒင်ဆရာ​များ​၊ ခါလဒဲ​ပညာရှိ​များ​၊ နက္ခတ်ဗေဒ​ဆရာ​များ​၏​အကြီးအမှူး​အဖြစ် ခန့်အပ်​ခဲ့​၏​။


ရှင်ဘုရင်​သည် ဗေဒင်ဆရာ​များ​၊ ခါလဒဲ​ပညာရှိ​များ​၊ နက္ခတ်ဗေဒ​ဆရာ​များ​ကို ခေါ်သွင်း​ရန် အော်ဟစ်​ပြီးလျှင် ဘေဘီလုံ​ပညာရှိ​တို့​အား “​ဤ​စာ​ကို​ဖတ်​ပြီး အနက်အဓိပ္ပာယ်​ကို ဖွင့်ပြ​ပေး​နိုင်​သူ မည်သူမဆို ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​စေ​၍ လည်​တွင် ရွှေ​စလွယ်​ဆင်​ကာ တတိယ​အကြီးဆုံး​ပုဂ္ဂိုလ်​အဖြစ် နိုင်ငံ​ကို အုပ်ချုပ်​ခွင့်​ပေး​မည်​”​ဟု မိန့်ဆို​လေ​၏​။


ခါလဒဲ​နိုင်ငံ​ကို အုပ်စိုး​သော မေဒိ​အမျိုး​၊ အာရွှေရု​၏​သား ဒါရိ​မင်းကြီး နန်းစံ​ပထမ​နှစ်​။


“​ထို​လုလင်​နောက်သို့ ပြေးသွား​၍ ‘​ဂျေရုဆလင်​မြို့​တွင် နေထိုင်​သော​လူ​နှင့် တိရစ္ဆာန်​တို့​သည် အလွန်​များပြား​လွန်း​သဖြင့် ထို​မြို့​သည် မြို့ရိုး​မ​ရှိ​သော​မြို့​ကဲ့သို့ ဖြစ်​လိမ့်မည်​။


ထိုသို့သော​အချိန်​၌ မောရှေ​သည် မွေးဖွား​လာ​ခဲ့​၏။ သူ​သည် ဘုရားသခင်​ရှေ့​တော်​၌ အဆင်းလှ​သော​ကလေး​ဖြစ်​ပြီး ဖခင်​၏​အိမ်​၌ သုံး​လ​တိုင်တိုင်​ကျွေးမွေး​ပြုစု​ခြင်း​ခံရ​၏။


မောရှေ​သည် အီဂျစ်​လူမျိုး​တို့​၏​အတတ်​ပညာ​အလုံးစုံ​တို့​ကို သင်ကြား​တတ်မြောက်​သဖြင့် ပြောဆို​မှု​နှင့်​လုပ်ဆောင်​မှု​တို့​၌ အစွမ်းသတ္တိ​ရှိ​၏။


အစွန်းအထင်း၊ အတွန့်အရှုံ့​မှစ၍ ထိုသို့သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ဘဲ သန့်ရှင်း​၍ အပြစ်​အနာအဆာ​ကင်း​သည့် ဂုဏ်သရေ​ရှိ​သော​အသင်းတော်​ကို မိမိ​အား​ဆက်သ​နိုင်​ရန်​အတွက်​ဖြစ်​၏။


ထို့နောက် ဂိဒေါင်​က ဇေဘဟ​နှင့်​ဇာလမုန္န​တို့​အား “​တာဗော်​မြို့​၌ သင်​တို့​သတ်​ခဲ့​သော​သူ​တို့​သည် မည်သို့​သော​သူ​နည်း​”​ဟု မေး​သော် သူ​တို့​က “​သူ​တို့​အားလုံး​သည် သင်​ကဲ့သို့ပင် ဘုရင့်​သား​တော်​ရုပ်ရည်ရှိသူ​များ​ဖြစ်​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos