ဒံယေလ 1:15 - မြန်မာ့စံမီသမ္မာကျမ်း15 ဆယ်ရက်စေ့သောအခါ သူတို့၏ရုပ်ဆင်းသွင်ပြင်သည် ဘုရင့်အစားအစာကိုစားသောအခြားလူငယ်တို့ထက် ပို၍ကျန်းမာကြံ့ခိုင်သည်ကို တွေ့ရ၏။ Ver CapítuloCommon Language Bible15 အချိန်စေ့သောအခါသူတို့သည်ပွဲတော်စာစားသောက်ကြသူများထက် ပို၍ကျန်းမာသန်စွမ်းလျက်ရှိကြောင်းတွေ့မြင်ရလေသည်။- Ver CapítuloGarrad Bible15 ဆယ် ရက် ကြာ သော် ထို သူ တို့ သည် ပွဲ တော် စာ မှ စား ကြ သော လူ ပျို တော် တို့ ထက် မျက် နှာ ရည် အ ဆင်း လှ၍ ဝ ဖြိုး သည် ကို မြင် ရာ၊ Ver CapítuloJudson Bible15 ဆယ်ရက်စေ့လျှင် သူတို့မျက်နှာသည်၊ ပွဲတော်မှ ကြွင်းသောအစာကို စားသော လူပျိုအပေါင်းတို့၏ မျက်နှာထက် အဆင်းလှ၍ ဖွံ့ဝလျက်ရှိ၏။ Ver Capítulo |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သည် များများရမည်ဟုမျှော်လင့်သော်လည်း နည်းနည်းသာ ရ၏။ သင်တို့အိမ်သို့ယူဆောင်လာသောအရာကို ငါမှုတ်ထုတ်ပစ်လိုက်၏။ အဘယ်ကြောင့်နည်းဟူမူကား ငါ့အိမ်တော်မှာပျက်စီးယိုယွင်းလျက်နှင့် သင်တို့အသီးသီးသည် ကိုယ့်အိမ်ဖို့သာ အလုပ်များနေကြသောကြောင့်ဖြစ်၏’ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့နာမကို မချီးမွမ်း၊ နှလုံးမသွင်းဘဲနေလျှင် သင်တို့အပေါ်သို့ ကျိန်ခြင်းကို ငါသက်ရောက်စေမည်။ သင်တို့၏ကောင်းချီးမင်္ဂလာကို အမင်္ဂလာ ဖြစ်စေမည်။ အကယ်စင်စစ် သင်တို့နှလုံးမသွင်းသောကြောင့် သင်တို့ကို ငါကျိန်ဆဲပြီ”ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။