ဒေသနာကျမ်း။ 9:9 - မြန်မာ့စံမီသမ္မာကျမ်း9 နေအောက်တွင်ရှိသည့် သင်၏အချည်းနှီးသောနေ့ရက်အားလုံးဖြစ်သည့် နေအောက်တွင် သင့်အားပေးသနားတော်မူသော သင်၏အချည်းနှီးသောအသက်တာ၏နေ့ရက်အားလုံးတို့၌ သင်ချစ်သောမယားနှင့်အတူ ရွှင်လန်းစွာအသက်ရှင်လော့။ အကြောင်းမူကား ဤအရာသည် သင်၏အသက်တာ၌လည်းကောင်း၊ နေအောက်တွင် သင်ကြိုးပမ်းအားထုတ်သော သင်၏ကြိုးပမ်းအားထုတ်မှု၌လည်းကောင်း သင်ရရှိသောဝေစုဖြစ်၏။ Ver CapítuloCommon Language Bible9 နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။ Ver CapítuloGarrad Bible9 နေ အောက် တွင် ပေး သ နား တော် မူ သော၊ အ ချည်း အ နှီး အ သက် ရှည် သ မျှ အ တွင်း၊ ချစ် ခင် သည့် ကြင် ဘက် နှင့် အ တူ မွေ့ လျော် နေ ထိုင် လော့။ ဤ သည် ကား၊ နေ အောက် တွင် အ သက် ရှင် စဉ်၊ ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ သော အ ကျိုး ဆက် ဖြစ် သ တည်း။ Ver CapítuloJudson Bible9 နေအောက်မှာ ပေးသနားတော်မူသော အနတ္တအသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကိုလွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာ ကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။ Ver Capítulo |
သူတို့၌ ဝိညာဉ်တော်တစ်စိတ်တစ်ပိုင်းပါလျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းသောအမျိုးအနွယ်ကို အလိုရှိသည်ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ထို့ကြောင့် ကိုယ့်စိတ်ကို ထိန်း၍ ငယ်စဉ်က ပေါင်းဖော်ခဲ့သောမယားကို သစ္စာမဖောက်နှင့်။