ဒေသနာကျမ်း။ 9:7 - မြန်မာ့စံမီသမ္မာကျမ်း7 သွားလော့။ သင်၏အစားအစာကို ဝမ်းမြောက်စွာစားလော့။ သင်၏စပျစ်ဝိုင်ကိုလည်း ကြည်ရွှင်သောစိတ်နှလုံးဖြင့် သောက်လော့။ အကြောင်းမူကား ဘုရားသခင်သည် သင်ပြုလုပ်သောအမှုများကို နှစ်သက်တော်မူပြီ။ Ver CapítuloCommon Language Bible7 သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။ Ver CapítuloGarrad Bible7 သင် ပြု သော အ မှု အ ရာ များ ကို၊ ဘု ရား သ ခင် နှစ် သက် တော် မူ သော ကြောင့်၊ ရွှင် လန်း သော စိတ် နှင့် စား ဖွယ် သောက် ဖွယ် ကို၊ သွား၍ အား ရ စွာ စားသောက် လော့။ Ver CapítuloJudson Bible7 သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစားလော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကိုသောက်လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင်ဝန်ခံတော်မူ၏။ Ver Capítulo |
ရှစ်ရက်မြောက်သောနေ့တွင် လူတို့ကို ပြန်လွှတ်လိုက်ရာ သူတို့သည်လည်း ရှင်ဘုရင်ကိုကောင်းချီးပေးပြီး ထာဝရဘုရားက မိမိအစေအပါးဒါဝိဒ်နှင့် မိမိလူမျိုးတော်အစ္စရေးတို့အဖို့ ပြုတော်မူသောကောင်းကျိုးချမ်းသာအလုံးစုံကြောင့် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် မိမိတို့နေရပ်သို့ပြန်သွားကြ၏။
သို့ဖြစ်၍ ပျော်ရွှင်မှုကိုငါထောမနာပြု၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင် စားလျက်၊ သောက်လျက်၊ ဝမ်းမြောက်လျက်နေခြင်းထက် လူ့အတွက်ကောင်းသည့်အရာမရှိ။ ဤသည်ကား နေအောက်တွင် လူကိုဘုရားသခင်ပေးတော်မူသော အသက်တာ၏နေ့ရက်ကာလများ၌ လူ၏ကြိုးပမ်းအားထုတ်မှုထဲတွင် သူနှင့်အတူလိုက်ပါလာသောအရာဖြစ်၏။