ဒေသနာကျမ်း။ 8:10 - မြန်မာ့စံမီသမ္မာကျမ်း10 တစ်ဖန် သန့်ရှင်းသောနေရာ၌ ဝင်ထွက်သွားလာခဲ့သည့် ဆိုးယုတ်သောသူတို့သည် သင်္ဂြိုဟ်ခြင်းခံရသည်ကိုငါတွေ့မြင်၏။ သူတို့သည် ထိုသို့ပြုခဲ့ရာမြို့တွင် မေ့လျော့ခြင်းခံရကြ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။ Ver CapítuloCommon Language Bible10 ထိုမှတပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွား လာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကို ၎င်း၊ အဓမ္မပြုဘူးသောမြို့၌ သူတို့ကိုအဘယ်သူမျှ မအောက် မေ့ကြောင်းကို၎င်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ Ver CapítuloGarrad Bible10 ၎င်း ပြင်၊ လူ ဆိုး ဖြစ် လျက်၊ ကောင်း စွာ သင်္ဂြိုဟ် ခံ ရ၍၊ သူ တော် ကောင်း ဖြစ် လျက် သန့် ရှင်း ရာ ဌာ န မှ နှင် ထုတ် ခံ ရ သည့် ပြင်၊ ထို မြို့၌ သ တိ မ ရ ကြ သည် ကို ငါ သိ မြင်၏။ ဤ အ ခြင်း အ ရာ လည်း အ န တ္တ ဖြစ် ၏။ Ver CapítuloJudson Bible10 ထိုမှတစ်ပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွားလာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကိုလည်းကောင်း၊ အဓမ္မပြုဖူးသောမြို့၌ သူတို့ကို အဘယ်သူမျှ မအောက်မေ့ကြောင်းကိုလည်းကောင်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ Ver Capítulo |