ဒေသနာကျမ်း။ 7:14 - မြန်မာ့စံမီသမ္မာကျမ်း14 ကောင်းကျိုးချမ်းသာခံစားရာကာလ၌ ဝမ်းမြောက်လော့။ ဒုက္ခခံရာကာလ၌မူကား ဆင်ခြင်လော့။ လူသည် သူ့နောက်တွင်ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မတွေ့ရှိစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာနှင့်အတူ ဒုက္ခကိုလည်း ဖြစ်ပေါ်စေတော်မူ၏။ Ver CapítuloCommon Language Bible14 ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိ နောက်မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကို လည်း အလှည့်လှည့်ပေးတော်မူ၏။ Ver CapítuloGarrad Bible14 ကောင်း စား သော နေ့ ရက်၌ ရွှင် လန်း လျက် မ ကောင်း စား သော နေ့ ရက်၌ လည်း ဆင် ခြင် လျက် နေ လော့။ အ နာ ဂတ် အ ဖြစ် အ ပျက် ကို၊ လူ ရှာ၍ မ တွေ့ နိုင် စေ ရန်၊ ၎င်း နှစ် မျိုး ကို ဘု ရား သ ခင် တွဲ ယှဉ် စီ မံ တော် မူ ပြီ။ Ver CapítuloJudson Bible14 ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိနောက်မှာ ဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကိုလည်း အလှည့်လှည့် ပေးတော်မူ၏။ Ver Capítulo |
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။