ဒေသနာကျမ်း။ 6:11 - မြန်မာ့စံမီသမ္မာကျမ်း11 စကားများစွာပြောလျှင် အချည်းနှီးသောအရာလည်း များပြားလာတတ်သည်ဖြစ်၍ လူအတွက် မည်သည့်အကျိုးရှိသနည်း။ Ver CapítuloCommon Language Bible11 အနတ္တတိုးပွားစရာအကြောင်း များပြားသည် ဖြစ်၍၊ လူသည် အဘယ်ကျေးဇူးရှိသနည်း။ Ver CapítuloGarrad Bible11 အ န တ္တ ကို တိုး ပွား စေ ရန် အ ကြောင်း အ ရာ များ သည် ဖြစ်၍၊ လူ၌ မည် သည့် အ ကျိုး ရှိ သ နည်း။ Ver CapítuloJudson Bible11 အနတ္တတိုးပွားစရာအကြောင်း များပြားသည်ဖြစ်၍၊ လူသည် အဘယ်ကျေးဇူးရှိသနည်း။ Ver Capítulo |
အကြောင်းမူကား လူသားတို့ကြုံတွေ့ရသောအဖြစ်နှင့် တိရစ္ဆာန်တို့ကြုံတွေ့ရသောအဖြစ်သည် တစ်ခုတည်းဖြစ်၍ တစ်မျိုးသည် သေရသကဲ့သို့ အခြားတစ်မျိုးလည်း သေရ၏။ ၎င်းတို့အားလုံး၌ တူညီသောထွက်သက်ဝင်သက်ရှိ၏။ သို့ဖြစ်၍ လူသည် တိရစ္ဆာန်ထက် သာလွန်သည်မဟုတ်။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်၏။
တစ်ကိုယ်တည်းဖြစ်လျက် အပေါင်းအဖော်မရှိ၊ သားလည်းမရှိ၊ ညီအစ်ကိုလည်းမရှိသောသူတစ်ဦးရှိ၏။ သို့သော် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ အဆုံးမရှိ။ သူ၏မျက်စိသည်လည်း ဓနဥစ္စာ၌ကျေနပ်တင်းတိမ်သည်ဟူ၍မရှိ။ “ငါသည် မည်သူ့အတွက် ကြိုးပမ်းအားထုတ်လျက် ငါ၌ကောင်းကျိုးချမ်းသာချို့တဲ့စေရသနည်း”ဟူ၍လည်းမမေး။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။