ဒေသနာကျမ်း။ 5:9 - မြန်မာ့စံမီသမ္မာကျမ်း9 မြေကြီးမှရသောအကျိုးသည် အားလုံးအတွက်ဖြစ်၏။ ရှင်ဘုရင်သည်လည်း လယ်ယာ၏ကျေးဇူးကိုခံရ၏။ Ver CapítuloCommon Language Bible9 မြေကြီးကဖြစ်သော စီးပွါးသည်အလုံးစုံတို့အဘို့ ဖြစ်၏။ ရှင်ဘုရင်သော်လည်း၊ လယ်၏ ကျေးဇူးကိုခံရ၏။ Ver CapítuloGarrad Bible9 လယ် မြေ ကို ပြု စု သော ဘု ရင် မင်း သည်၊ တိုင်း ကျိုး ပြည် ကျိုး ကို အ ရာ ရာ၌ ဖြစ် ထွန်း စေ တတ် ၏။ Ver CapítuloJudson Bible9 မြေကြီးကဖြစ်သော စီးပွားသည် အလုံးစုံတို့အဖို့ ဖြစ်၏။ ရှင်ဘုရင်သော်လည်း၊ လယ်၏ကျေးဇူးကို ခံရ၏။ Ver Capítulo |
တစ်ကိုယ်တည်းဖြစ်လျက် အပေါင်းအဖော်မရှိ၊ သားလည်းမရှိ၊ ညီအစ်ကိုလည်းမရှိသောသူတစ်ဦးရှိ၏။ သို့သော် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ အဆုံးမရှိ။ သူ၏မျက်စိသည်လည်း ဓနဥစ္စာ၌ကျေနပ်တင်းတိမ်သည်ဟူ၍မရှိ။ “ငါသည် မည်သူ့အတွက် ကြိုးပမ်းအားထုတ်လျက် ငါ၌ကောင်းကျိုးချမ်းသာချို့တဲ့စေရသနည်း”ဟူ၍လည်းမမေး။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။