Biblia Todo Logo
La Biblia Online
- Anuncios -




ဒေသနာကျမ်း။ 4:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 အကြောင်းမူကား ထို​လူငယ်​သည် မိမိ​၏​နိုင်ငံ​တွင်​ဆင်းရဲ​သော​သူ​အဖြစ်​မွေးဖွား​လာ​သော်လည်း နန်းစံ​ရန်​အတွက် အကျဉ်းထောင်​မှ​ထွက်လာ​ခဲ့​သူ​ဖြစ်​၏​။

Ver Capítulo Copiar

Common Language Bible

14 ထိုသို့သော သူငယ်သည် ထောင်ထဲကထွက်၍၊ နန်းတော်ပေါ်သို့ရောက်တတ်၏။ ထိုသို့သောရှင်ဘုရင် မူကား၊ အဘအရိပ်အရာနှင့် နန်းထိုင်သော်လည်း၊ ဆင်းရဲခြင်းသို့ ရောက်တတ်၏။

Ver Capítulo Copiar

Garrad Bible

14 ထို သို့ သော သူ သည်၊ ပြည် နိုင် ငံ ၌ ဆင်း ရဲ သား ဖြစ် သော် လည်း၊ နှောင် အိမ် တွင်း မှ လွတ် ထွက်၍ နန်း တက် ရ၏။

Ver Capítulo Copiar

Judson Bible

14 ထို​သို့​သော သူ​ငယ်​သည် ထောင်​ထဲ​က​ထွက်၍၊ နန်း​တော်​ပေါ်​သို့ ရောက်​တတ်၏။ ထို​သို့​သော​ရှင်​ဘု​ရင်​မူ​ကား၊ အ​ဘ​အ​ရိုက်​အ​ရာ​နှင့် နန်း​ထိုင်​သော်​လည်း၊ ဆင်း​ရဲ​ခြင်း​သို့ ရောက်​တတ်၏။

Ver Capítulo Copiar




ဒေသနာကျမ်း။ 4:14
15 Referencias Cruzadas  

ထိုအခါ ဖာရော​မင်းကြီး​သည် လူ​လွှတ်​၍ ယောသပ်​ကို​ခေါ်​စေ​သဖြင့် ယောသပ်​ကို မြေအောက်​အကျဉ်းခန်း​ထဲမှ အလျင်အမြန်​ထုတ်ဆောင်​ကြ​၏​။ ယောသပ်​သည် မုတ်ဆိတ်ရိတ်​၍ အဝတ်အစား​လဲ​ပြီးလျှင် ဖာရော​မင်းကြီး​ထံသို့​အခစားဝင်​လေ​၏​။


ထိုအခါ ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး​သည် မယ်တော်​မှစ၍ မင်းမှုထမ်း​များ​၊ မှူးမတ်​များ​နှင့် မိန်းမစိုး​များ​ပါ​လျက် ဘေဘီလုံ​ဘုရင်​ထံ အညံ့ခံ​လေ​၏​။ ထို့ကြောင့် ဘေဘီလုံ​ဘုရင်​သည် နန်းစံ​ရှစ်​နှစ်​တွင် ယောယခိမ်​မင်းကြီး​ကို ဖမ်းခေါ်​သွား​၏​။


ယောယကိမ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ​၏​သား​တော်​ယောယခိမ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ဇေဒကိ​မင်းကြီး​၏​သား​တို့​ကို ဇေဒကိ​မင်းကြီး​ရှေ့မှောက်​တွင်​ပင် သတ်​၏​။ ဇေဒကိ​မင်းကြီး​၏​မျက်စိ​ကို​လည်း​ဖောက်ထုတ်​ပြီး သူ့​ကို ကြေးနီကြိုး​ဖြင့်​ချည်နှောင်​ကာ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။


နိမ့်ကျ​သော​သူ​တို့​ကို မြှင့်တင်​၍ ဝမ်းနည်းပူဆွေး​သော​သူ​တို့​ကို ကူမ​ကယ်တင်​တော်မူ​၏​။


နေ​အောက်​တွင်​အသက်ရှင်​သွားလာ​သော​သူ​အပေါင်း​တို့​သည် ရှင်ဘုရင်​အရိုက်အရာ​ကို​ခံရ​သည့် ဒုတိယ​လူ​ဖြစ်​သော​ထို​လူငယ်​ဘက်​၌ နေ​တတ်​ကြ​သည်​ကို ငါ​တွေ့မြင်​၏​။


ငါ​တို့​က “​လူမျိုးခြား​တို့​တွင် ထို​သူ​၏​အရိပ်​အောက်​၌ ငါ​တို့​ခိုလှုံ​အသက်ရှင်​ကြ​မည်​”​ဟု ဆို​ခဲ့​သော်လည်း ငါ​တို့​၏​အသက်သခင်​ဖြစ်​သော​၊ ထာဝရဘုရား​ဘိသိက်ပေး​သော ထို​သူ​သည် သူ​တို့​တူး​သော​တွင်း​ထဲသို့ ကျ​လေ​ပြီ​။


ထိုသို့​မြွက်ဆို​၍ မ​ဆုံး​မီ​ပင် “​နေဗုခဒ်နေဇာ​မင်းကြီး​၊ သင့်​အတွက် အမိန့်​တော်​ကား နိုင်ငံ​တော်​ကို သင့်​ထံမှ ရုပ်သိမ်း​လိုက်​ပြီ​။


ဆင်းရဲသား​ကို မြေမှုန့်​ထဲမှ ဆွဲထူ​၍ နွမ်းပါး​သူ​ကို ပြာပုံ​ထဲမှ​ချီမ​တော်မူ​ပြီး မင်းသား​တို့​နှင့်အတူ​ထိုင်​စေ​တော်မူ​၏​။ ဘုန်းကြီး​သော​ပလ္လင်​ကို အမွေဆက်ခံ​စေ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​၏​အုတ်မြစ်​ကို ပိုင်​တော်မူ​၍ ကမ္ဘာလောက​ကို ထို​အုတ်မြစ်​ပေါ်တွင် ချထား​တော်မူ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos