ဒေသနာကျမ်း။ 2:21 - မြန်မာ့စံမီသမ္မာကျမ်း21 အကြောင်းမူကား ဉာဏ်ပညာ၊ အသိပညာနှင့် ကျွမ်းကျင်မှုတို့ဖြင့် ကြိုးပမ်းအားထုတ်သောသူရှိသော်လည်း ထိုသူသည် မိမိ၏ဝေစုကို ကြိုးပမ်းအားထုတ်မှုမရှိသောသူအား ပေးအပ်ရမည်ဖြစ်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး အလွန်ငြီးငွေ့ဖွယ်ကောင်းသောအမှုဖြစ်၏။ Ver CapítuloCommon Language Bible21 အကြောင်းမူကား၊ ပညာရှိလျက် သိပ္ပံအတတ် နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ် သောသူဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့်ထားရမည်။ ထိုအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှုဖြစ်၏။ Ver CapítuloGarrad Bible21 မု ချ ဆို သော်၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ နှင့် လိ မ္မာ စွာ လုပ် ကိုင် သူ ရှိ သော် လည်း၊ မ လုပ် မ ကိုင် သူ တို့ အ မွေ ဆက် ခံ ရန် ထား ခဲ့ ရ မည်။ ဤ အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ ဆိုး ယုတ် သော အ မှု ဖြစ် ၏။ Ver CapítuloJudson Bible21 အကြောင်းမူကား၊ ပညာရှိလျက် သိပ္ပံအတတ်နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ်သောသူ ဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူဝင်စရာဖို့ ထိုအမှုကိုစွန့်ထားရမည်။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှုဖြစ်၏။ Ver Capítulo |
ပရောဖက်ရှမွေလလက်ထက်မှစ၍ အစ္စရေးပြည်တွင် ဤကဲ့သို့သောပသခါပွဲမျိုး တစ်ခါမျှမကျင်းပဖူးချေ။ ယောရှိမင်းကြီးနှင့်အတူ ယဇ်ပုရောဟိတ်များ၊ လေဝိလူမျိုးများနှင့် အစ္စရေးလူမျိုးအပါအဝင် ယုဒလူမျိုးအားလုံးမှစ၍ ဂျေရုဆလင်မြို့သားတို့ စုပေါင်း၍ပြုလုပ်သောပသခါပွဲမျိုး အစ္စရေးဘုရင်အပေါင်းတို့လက်ထက်တွင် တစ်ခါမျှမကျင်းပခဲ့ဖူးချေ။
တစ်ကိုယ်တည်းဖြစ်လျက် အပေါင်းအဖော်မရှိ၊ သားလည်းမရှိ၊ ညီအစ်ကိုလည်းမရှိသောသူတစ်ဦးရှိ၏။ သို့သော် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ အဆုံးမရှိ။ သူ၏မျက်စိသည်လည်း ဓနဥစ္စာ၌ကျေနပ်တင်းတိမ်သည်ဟူ၍မရှိ။ “ငါသည် မည်သူ့အတွက် ကြိုးပမ်းအားထုတ်လျက် ငါ၌ကောင်းကျိုးချမ်းသာချို့တဲ့စေရသနည်း”ဟူ၍လည်းမမေး။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။