ဒေသနာကျမ်း။ 2:1 - မြန်မာ့စံမီသမ္မာကျမ်း1 ငါသည် ငါ့စိတ်နှလုံးအား “ယခုလာလော့။ အပျော်အပါးအားဖြင့် သင့်ကို ငါစမ်းသပ်မည်။ ကောင်းသောအရာကိုလည်း ခံစားသိရှိလော့”ဟု မြွက်ဆို၏။ သို့ရာတွင် ကြည့်ရှုလော့။ ထိုအမှုအရာသည်လည်း အချည်းနှီးဖြစ်၏။ Ver CapítuloCommon Language Bible1 တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့ဟု ဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ Ver CapítuloGarrad Bible1 ၎င်း ပြင် ငါ က၊ ရွှင် လန်း ခြင်း အား ဖြင့် ကိုယ် ကို စမ်း သပ်၍၊ အ ကောင်း စား ရ မည် ဟု အောက် မေ့ ရာ တွင်၊ ထို အ ရာ လည်း၊ အ န တ္တ ဖြစ် လေ စွ။ Ver CapítuloJudson Bible1 တစ်ဖန် ငါသည် ကိုယ်စိတ်နှလုံးထဲမှာပြောသည်ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ ပျော်မွေ့လော့ဟုဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်လေ၏။ Ver Capítulo |
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
သို့ဖြစ်၍ ပျော်ရွှင်မှုကိုငါထောမနာပြု၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင် စားလျက်၊ သောက်လျက်၊ ဝမ်းမြောက်လျက်နေခြင်းထက် လူ့အတွက်ကောင်းသည့်အရာမရှိ။ ဤသည်ကား နေအောက်တွင် လူကိုဘုရားသခင်ပေးတော်မူသော အသက်တာ၏နေ့ရက်ကာလများ၌ လူ၏ကြိုးပမ်းအားထုတ်မှုထဲတွင် သူနှင့်အတူလိုက်ပါလာသောအရာဖြစ်၏။
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။