Biblia Todo Logo
La Biblia Online
- Anuncios -




ဒေသနာကျမ်း။ 11:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 တိမ်တိုက်​များ​သည် မိုးရေ​နှင့်​ပြည့်​သောအခါ မြေကြီး​ပေါ်သို့ ရွာသွန်း​တတ်​၏​။ သစ်ပင်​သည်​လည်း တောင်ဘက်​သို့​ဖြစ်စေ​၊ မြောက်ဘက်​သို့​ဖြစ်စေ လဲကျ​လျှင် လဲကျ​ရာ​အရပ်​၌​ရှိ​နေ​တတ်​၏​။

Ver Capítulo Copiar

Common Language Bible

3 မိုဃ်းတိမ်တို့သည် မိုဃ်းရေနှင့်ပြည့်သောအခါ မြေပေါ်မှာရွာတတ်၏။ သစ်ပင်သည် တောင်ဘက်သို့ လဲသည်ဖြစ်စေ၊ မြောက်လက်သို့လဲသည်ဖြစ်စေ၊ လဲသောအရပ်၌ နေရာကျ၏။

Ver Capítulo Copiar

Garrad Bible

3 တိမ် တိုက် များ သည် ရေ နှင့် ပြည့် လျှင်၊ မြေ ပေါ် သို့ သွန်း ချ တတ် သည့် နည်း တူ၊ သစ် ပင် လည်း တောင် မျက် နှာ သို့ ဖြစ် စေ၊ မြောက် မျက် နှာ သို့ ဖြစ် စေ၊ လဲ ရာ အ ရပ် တွင် တည် နေ တတ်၏။

Ver Capítulo Copiar

Judson Bible

3 မိုး​တိမ်​တို့​သည် မိုး​ရေ​နှင့်​ပြည့်​သော​အ​ခါ မြေ​ပေါ်​မှာ​ရွာ​တတ်၏။ သစ်​ပင်​သည် တောင်​ဘက်​သို့ လဲ​သည်​ဖြစ်​စေ၊ မြောက်​ဘက်​သို့ လဲ​သည်​ဖြစ်​စေ၊ လဲ​သော​အ​ရပ်၌ နေ​ရာ​ကျ၏။

Ver Capítulo Copiar




ဒေသနာကျမ်း။ 11:3
9 Referencias Cruzadas  

ထိုတစ်ခဏချင်း​တွင်ပင် မိုးကောင်းကင်​မှ​တိမ်​များ မည်းမှောင်​အုံ့ဆိုင်း​လာ​သည်​သာမက လေ​များ​ပါ​တိုက်လာ​ပြီး မိုး​သည်းထန်​စွာ​ရွာ​လေ​တော့​သည်​။ အာဟပ်​မင်းကြီး​သည်​လည်း ရထား​စီးနင်း​ပြီး ယေဇရေလ​မြို့​သို့ ပြန်သွား​လေ​၏​။


သင်​၏​ဝေစု​ကို လူ​ခုနစ်​ဦး​မက ရှစ်​ဦး​တို့​အား ပေးအပ်​ထား​လော့​။ အကြောင်းမူကား ကမ္ဘာမြေကြီး​ပေါ်တွင် မည်သို့သော​ဘေးဒုက္ခ​ကျရောက်​လာ​မည်​ကို သင်​မ​သိ​။


လေ​ကို​စောင့်ကြည့်​နေ​သော​သူ​သည် မျိုးစေ့​ကို​ကြဲ​ရ​လိမ့်မည်​မ​ဟုတ်​။ မိုးတိမ်​ကို​ကြည့်​နေ​သော​သူ​သည်​လည်း ရိတ်သိမ်း​ရ​လိမ့်မည်​မ​ဟုတ်​။


ပုဆိန်​ကို သစ်ပင်​တို့​၏​အမြစ်​နား​တွင်​ချ​ထား​ပြီ​ဖြစ်၍ ကောင်း​သော​အသီး​ကို​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့​ပစ်ချ​ခြင်း​ခံရ​လိမ့်မည်။


ထိုအခါ သူ​သည် ဥယျာဉ်မှူး​အား ‘ကြည့်​လော့။ ငါ​သည် သုံး​နှစ်​တိုင်တိုင် ဤ​သဖန်းပင်​မှ​အသီး​ကို​လာ​ရှာ​သော်လည်း​မ​တွေ့​ရ။ ဤ​သဖန်းပင်​ကို​ခုတ်​ပစ်​လော့။ အဘယ်ကြောင့် မြေ​ကို အကျိုးမဲ့​ဖြစ်​စေ​မည်နည်း’​ဟု ဆို​၏။


တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်​ရှိ​လျက်​နှင့် မိမိ​ညီအစ်ကို​ဆင်းရဲ​ချို့တဲ့​နေ​သည်​ကို​မြင်​၍ မိမိ​၏​ကြင်နာ​စိတ်​ကို​ချုပ်တည်း​ထား​လျှင် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌ မည်သို့​တည်​မည်နည်း။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos