ထွက်မြောက် 9:34 - မြန်မာ့စံမီသမ္မာကျမ်း34 ဖာရောမင်းကြီးသည် ထိုသို့မိုးမရွာ၊ မိုးသီးနှင့် မိုးချုန်းသံများလည်းရပ်စဲသွားသည်ကို သိမြင်လျှင် တစ်ဖန်ပြစ်မှား၍ သူနှင့်သူ၏အမှုထမ်းတို့သည် စိတ်နှလုံးခိုင်မာလျက်ရှိ၏။ Ver CapítuloCommon Language Bible34 ထိုသို့မိုးမရွာ၊ မိုးကြိုးသံနှင့်မိုးသီးများ ရပ်စဲသည်ကိုဘုရင်မြင်သောအခါ သူနှင့် တကွသူ၏မှူးမတ်တို့သည်ကတိမတည် ဘဲ ခေါင်းမာမြဲခေါင်းမာလျက်ရှိကြ၏။- Ver CapítuloGarrad Bible34 မိုး ရွာ ခြင်း၊ မိုး သီး ကျ ခြင်း၊ မိုး ကြိုး ထစ် ခြင်း ရပ် စဲ သည် ကို ဖာ ရော မင်း သိ မြင် လျှင် ပြစ် မှား ပြန်၍ ကျေး ကျွန် သင်း ပင်း တို့ နှင့် တ ကွ စိတ် နှ လုံး ခက် မာ ကြ ၏။ Ver CapítuloJudson Bible34 ထိုသို့မိုးမရွာ၍ မိုးသီးနှင့်မိုးကြိုးစဲသည်ကို ဖာရောဘုရင်မြင်လျှင်၊ တစ်ဖန်ပြစ်မှား၍၊ ကျွန်များနှင့်တကွ နှလုံးခိုင်မာလျက်နေ၏။ Ver Capítulo |