Biblia Todo Logo
La Biblia Online
- Anuncios -




ထွက်​မြောက် 9:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထိုအခါ မောရှေ​သည် မိမိ​၏​တောင်ဝှေး​ကို မိုးကောင်းကင်​သို့​ဆန့်​လိုက်​သော် ထာဝရဘုရား​သည် မိုးချုန်းသံ​များ​နှင့်​မိုးသီး​ကို လွှတ်​တော်မူ​၏​။ မီး​သည်​လည်း မြေ​ပေါ်သို့​ကျလာ​၏​။ ထာဝရဘုရား​သည် အီဂျစ်​ပြည်​အပေါ်​သို့ မိုးသီး​ကို ရွာကျ​စေ​တော်မူ​၏​။

Ver Capítulo Copiar

Common Language Bible

23 မော​ရှေ​သည်​မိ​မိ​၏​တောင်​ဝှေး​ကို​ကောင်း​ကင် သို့​မြှောက်​လိုက်​ရာ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး ထစ်​ချုန်း​ခြင်း၊ မိုး​ကြိုး​ပစ်​ခြင်း​နှင့်​တ​ကွ မိုး​သီး​မိုး​ရွာ​သွန်း​စေ​လေ​၏။ ထာ​ဝ​ရ ဘု​ရား​စေ​လွှတ်​တော်​မူ​သော-

Ver Capítulo Copiar

Garrad Bible

23 တောင် ဝေး ကို ကောင်း ကင် ထက် သို့ မော ရှေ ထောင် သော အ ခါ မိုး ကြိုး သံ နှင့် မိုး သီး ကို ထာ ဝ ရ ဘု ရား လွှတ် တော် မူ လျက် လောင် မီး လည်း မြေ ပေါ် သို့ ကျ လေ၏။ ထို သို့ ထာ ဝ ရ ဘု ရား သည် အိ ဂျစ် ပြည်၌ မိုး သီး ကျ ရွာ စေ တော် မူ သ ဖြင့်၊

Ver Capítulo Copiar

Judson Bible

23 မော​ရှေ​သည်​မိ​မိ​လှံ​တံ​ကို မိုး​ကောင်း​ကင်​သို့​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကြိုး​နှင့်​မိုး​သီး​ကို လွှတ်​တော်​မူ၏။ မီး​သည်​လည်း မြေ​ပေါ်​မှာ​ပြေး​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်၌ မိုး​သီး​ရွာ​စေ​တော်​မူ​သ​ဖြင့်၊

Ver Capítulo Copiar




ထွက်​မြောက် 9:23
22 Referencias Cruzadas  

ထိုအခါ ထာဝရဘုရား​အထံ​တော် မိုးကောင်းကင်​မှ ကန့်​နှင့်​မီး​ကို သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​အပေါ်​သို့ ထာဝရဘုရား​ရွာ​စေ​တော်မူ​၏​။


ဒဏ်ခတ်​ဖို့​ဖြစ်စေ​၊ မြေကြီး​ဖို့​ဖြစ်စေ​၊ မေတ္တာပြ​ဖို့​ဖြစ်စေ ဤသို့ဖြင့် မိုးတိမ်​များ​ကို​ဖြစ်ပေါ်​စေ​တတ်​၏​။


မိမိ​၏​မိုးသီး​ကို မုန့်အစအန​များ​ကဲ့သို့ ပစ်ချ​တော်မူ​၏​။ ကိုယ်တော်​ချမ်းအေး​စေ​တော်မူ​ခြင်း​ကို မည်သူ​ခံနိုင်​မည်နည်း​။


မီး​နှင့်​မိုးသီး​၊ နှင်းပွင့်​နှင့်​မြူခိုး​၊ ကိုယ်တော်​၏​အမိန့်​တော်​အတိုင်း​လုပ်ဆောင်​သော လေ​မုန်တိုင်း​၊


ထာဝရဘုရား​သည် ကောင်းကင်​၌ ခြိမ်းသံ​ကို​ပေး​တော်မူ​၏​။ အမြင့်ဆုံး​သော​အရှင်​သည် မိမိ​အသံ​ကို မိုးသီး​နှင့်​တောက်လောင်​သော​မီးခဲ​များ​နှင့်တကွ လွှင့်​တော်မူ​၏​။


ထာဝရဘုရား​၏​အသံ​တော်​သည် ရေ​ပေါ်၌​ရှိ​တော်မူ​၏​။ ဘုန်းကြီး​သော​ဘုရား​သည် ထစ်ချုန်း​တော်မူ​၏​။ ထာဝရဘုရား​သည် များစွာ​သော​ရေ​ပေါ်၌​ရှိ​တော်မူ​၏​။


ကိုယ်တော်​၏​ထစ်ချုန်းသံ​သည် လေပွေ​၌​ပါ​၍ လျှပ်စီး​တို့​သည် ကမ္ဘာလောက​ကို​လင်းလက်​စေ​ပါ​၏​။ ကမ္ဘာမြေကြီး​သည် တုန်ခါ​လှုပ်ရမ်း​ပါ​၏​။


တတိယ​နေ့ နံနက်​ရောက်​သောအခါ တောင်​ပေါ်၌ ထူထပ်​သော​မိုးတိမ်​နှင့်တကွ မိုးချုန်းသံ​များ​၊ လျှပ်စီးလက်​ခြင်း​များ​ဖြစ်၍ အလွန်​ကျယ်လောင်​သော​တံပိုးမှုတ်သံ​မြည်​လေ​၏​။ ထိုအခါ စခန်း​ထဲ​ရှိ လူ​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​၏​။


လူ​အပေါင်း​တို့​သည် မိုးချုန်းသံ​များ​နှင့်​တံပိုးမှုတ်သံ​ကို​ကြား​၍ လျှပ်စီး​များ​နှင့်​မီးခိုး​ထွက်​နေ​သော​တောင်​ကို တွေ့မြင်​ကြ​သောအခါ လူ​တို့​သည် ကြောက်ရွံ့တုန်လှုပ်​၍ အဝေး​၌​ရပ်​လျက်​နေ​ကြ​၏​။


အီဂျစ်​ပြည်​တည်​ချိန်​မှစ၍ ယခု​တိုင်အောင် မ​ဖြစ်​ခဲ့​ဖူး​သော မိုးသီး​သည်းထန်​စွာ​ရွာကျ​ခြင်း​ကို မနက်ဖြန် ဤ​အချိန်​တွင် ငါ​ဖြစ်​စေ​မည်​။


အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ မိုးသီး​သည်းထန်​စွာ​ရွာကျ​၍ မိုးသီး​ကြားမှ​မီးလျှံ​များ​ထွက်​နေ​သည့်​အဖြစ်​မျိုး အီဂျစ်​ပြည်​တည်​ချိန်​မှစ၍ တစ်ခါ​မျှ မ​ဖြစ်​ဖူး​ချေ​။


ထာဝရဘုရား​သည် မိမိ​၏​ဘုန်းကြီး​သော​အသံ​ကို ကြား​စေ​တော်မူ​မည်​။ ပြင်းထန်​သော​အမျက်​တော်​၊ တောက်လောင်​နေ​သော​မီးတောက်​မီးလျှံ​နှင့်တကွ သည်းထန်​သော​မိုး​၊ မုန်တိုင်း​၊ မိုးသီး​တို့​ဖြင့် လက်ရုံး​တော်​ကြွဆင်း​လာ​သည်​ကို မြင်​စေ​တော်မူ​မည်​။


ငါ​သည် သူ့​ကို ကပ်ရောဂါ​ဘေး​၊ သေဘေး​ဖြင့် စီရင်​မည်​။ သူ​နှင့်​သူ့​စစ်သည်​များ​အပါအဝင် သူ​၌​ပါလာ​သော​လူ​အမြောက်အမြား​တို့​အပေါ် ရေလွှမ်းမိုး​စေ​မည်​၊ မိုးသီး​နှင့်တကွ မီး​နှင့်​ကန့် ရွာကျ​စေ​မည်​။


ထို​သူ​တို့​သည် အစ္စရေး​စစ်သည်​တို့​ရှေ့​မှ ထွက်ပြေး​ကြ​၍ ဗေသောရုန်​မြို့​မှ ဆင်းသွား​ရာ​လမ်း​တွင် အဇေကာ​မြို့​တိုင်အောင် ထာဝရဘုရား​သည် ကောင်းကင်​မှ မိုးသီးလုံးကြီး​များ​ကို သူ​တို့​အပေါ် ကျ​စေ​တော်မူ​သဖြင့် သူ​တို့​သေ​ကုန်​၏​။ အစ္စရေး​အမျိုးသား​တို့​၏​ဓား​ဖြင့်​သေ​သော​သူ​ထက် မိုးသီး​ကြောင့်​သေ​သော​သူ​ပိုများ​၏​။


ထိုအခါ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း​နှင့် မိုးချုန်း​ခြင်း​များ​ဖြစ်ပေါ်​လာ​၍ ငလျင်​ပြင်းထန်​စွာ​လှုပ်​လေ​၏။ မြေကြီး​ပေါ်တွင် လူ​ဖြစ်ပေါ်​လာ​ချိန်​မှစ၍ ထိုမျှလောက်​ကြီးမား​၍​ပြင်းထန်​သော​ငလျင်​မျိုး​သည် မ​ဖြစ်​ခဲ့​ဖူး​ပေ။


ကောင်းကင်​မှ​လည်း ပေါင်​တစ်ရာ​ခန့်​လေး​သော​မိုးသီး​ကြီး​များ​သည် လူ​တို့​အပေါ်သို့​ကျ​လေ​၏။ ဤ​ဘေးဒဏ်​သည် အလွန်​ပြင်းထန်​သဖြင့် လူ​တို့​သည် ထို​မိုးသီး​၏​ဘေးဒဏ်​ကြောင့် ဘုရားသခင်​ကို​စော်ကား​ပြောဆို​ကြ​၏။


ပထမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ သွေး​နှင့်​ရောနှော​သော မိုးသီး​နှင့်​မီး​တို့​ဖြစ်ပေါ်​လာ​၍ မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​၏။ ထိုအခါ မြေကြီး​၏​သုံးပုံတစ်ပုံ​သည် လောင်ကျွမ်း​၍ သစ်ပင်​များ​၏​သုံးပုံတစ်ပုံ​နှင့် စိမ်းလန်း​သော​မြက်​ပင်​ရှိသမျှ​တို့​သည်​လည်း လောင်ကျွမ်း​သွား​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos