Biblia Todo Logo
La Biblia Online
- Anuncios -




ထွက်​မြောက် 7:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 သင့်​အား ငါ​မိန့်မှာ​သော​အရာ​အားလုံး​ကို သင်​ပြော​ရ​မည်​။ ဖာရော​မင်းကြီး​သည် အစ္စရေး​အမျိုးသား​တို့​ကို သူ​၏​ပြည်​မှ​လွှတ်​မည့်​အကြောင်း သင်​၏​အစ်ကို​အာရုန်​သည် သူ့​အား​လျှောက်​ရ​မည်​။

Ver Capítulo Copiar

Common Language Bible

2 ငါ​သည်​သင့်​အား​မိန့်​ကြား​သ​မျှ​ကို​အာ​ရုန် အား​ပြော​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွင့်​ပြု​စေ​ရန် သူ သည်​ဖာ​ရော​ဘု​ရင်​အား​လျှောက်​ထား​ရ​မည်။-

Ver Capítulo Copiar

Garrad Bible

2 ငါ မိန့် မှာ သ မျှ ကို သင် ပြန် ကြား ရ မည်။ ဖာ ရော မင်း သည် ဣ သ ရေ လ အ မျိုး သား တို့ ကို ကိုယ့် ပြည် မှ လွှတ် ရန် သင့် အစ် ကို အာ ရုန် လျှောက် ထား ရ မည်။

Ver Capítulo Copiar

Judson Bible

2 ငါ​မိန့်​တော်​မူ​သ​မျှ​တို့​ကို သင်​သည်​ပြန်​ပြော​ရ​မည်။ ဖာ​ရော​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​ပြည်​မှ​လွှတ်​လိုက်​ရ​မည်​အ​ကြောင်း​ကို၊ သင်၏​အစ်​ကို အာ​ရုန်​သည် သူ့​ထံ၌​လျှောက်​ရ​မည်။

Ver Capítulo Copiar




ထွက်​မြောက် 7:2
13 Referencias Cruzadas  

သို့သော် မိက္ခာယ​က “​ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ ငါ့​အား ထာဝရဘုရား​မိန့်​တော်မူ​သော​အရာ​ကို​သာ ငါ​ဟော​မည်​”​ဟု ပြန်ပြော​၏​။


သင်​သည် သူ​နှင့်​စကားပြော​၍ သူ့​နှုတ်​ထဲသို့ စကား​များ​ကို​ထည့်​ရ​မည်​။ သင်​၏​နှုတ်​နှင့်​လည်းကောင်း​၊ သူ​၏​နှုတ်​နှင့်​လည်းကောင်း ငါ​အတူ​ရှိ​မည်​။ သင်​တို့​ပြု​ရ​မည့်​အရာ​ကို သင်​တို့​အား ငါ​သွန်သင်​မည်​။


သူ​သည် သင့်​ကိုယ်စား လူ​တို့​အား စကားပြော​မည်​။ သူ​သည် သင်​၏​နှုတ်​ကဲ့သို့​ဖြစ်​၍ သင်​သည် သူ​၏​ဘုရား​ကဲ့သို့​ဖြစ်​မည်​။


ထို့နောက်တွင် မောရှေ​နှင့်​အာရုန်​သည် ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​တောကန္တာရ​၌ ငါ့​အဖို့ ပွဲတော်​ကျင်းပ​ရန် ငါ​၏​လူမျိုး​တော်​ကို လွှတ်​လော့​’​ဟူ၍ မိန့်​တော်မူ​၏​”​ဟု လျှောက်​ကြ​၏​။


ထာဝရဘုရား​က မောရှေ​အား “​ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ သင့်​အား​ငါ​မိန့်ဆို​သော​အရာ​အားလုံး​ကို အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​အား​ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​ခဲ့​၏​။


မောရှေ​နှင့်​အာရုန်​သည် သူ​တို့​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း တစ်သဝေမတိမ်း​ပြု​ကြ​၏​။


“​သင်​သည် ခါး​ကို​စည်း​၍ ထ​ပြီးလျှင် သင့်​အား ငါ​မိန့်မှာ​ထား​သော​စကား​အလုံးစုံ​ကို သူ​တို့​အား ဆင့်ဆို​လော့​။ သူ​တို့​ကို မ​ကြောက်​နှင့်​။ ကြောက်​လျှင် သင့်​ကို သူ​တို့​ရှေ့​တွင် ငါ​ခြောက်လှန့်​မည်​။


သို့သော် ထာဝရဘုရား​က ငါ့​အား “ ‘အကျွန်ုပ်​သည် သူငယ်​သာ​ဖြစ်​ပါ​သည်’​ဟု မ​ဆို​နှင့်​။ သင့်​ကို​ငါ​စေလွှတ်​သော လူ​အပေါင်း​တို့​ထံသို့ သင်​သွား​ရ​မည်​။ ငါ​မိန့်မှာ​သော​စကား​အလုံးစုံ​တို့​ကို သင်​ပြောကြား​ရ​မည်​။


တစ်ဖန် ထို​သူ​က “​အချင်း​လူသား​၊ ငါ​ပြော​သော​စကား​အလုံးစုံ​ကို နားထောင်​၍ နှလုံးသွင်း​လော့​။


“​အချင်း​လူသား​၊ ငါ​သည် သင့်​ကို အစ္စရေး​လူမျိုး​တို့​ကို​စောင့်ကြည့်​သော ကင်းစောင့်​အဖြစ် ခန့်ထား​ပြီ​။ ငါ​ပြော​သော​စကား​ကို​ကြား​တိုင်း သူ​တို့​ကို ပြန်ပြော​ရ​မည်​။


သင်​တို့​အား ငါ​ပညတ်​ထား​သမျှ​သော​အရာ​အားလုံး​တို့​ကို​စောင့်ထိန်း​ရန် သူ​တို့​ကို သွန်သင်​ကြ​လော့။ ငါ​သည်​လည်း ကပ်ကမ္ဘာ​ကုန်ဆုံး​သည့်​တိုင်အောင် သင်​တို့​နှင့်အတူ အစဉ်မပြတ်​ရှိ​၏”​ဟု မိန့်​တော်မူ​၏။


အကြောင်းမူကား ငါ​သည် တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​အကြံအစည်​တော်​ကို သင်​တို့​အား အကုန်အစင်​ဖော်ပြ​ခဲ့​ပြီ။


သင်​တို့​အား ငါ​မှာကြား​သော​စကား​တို့​ကို မ​ဖြည့်စွက်​ရ​။ မ​နုတ်ပယ်​ရ​။ သင်​တို့​အား ငါ​ဆင့်ဆို​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို စောင့်ထိန်း​ရ​မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos