ထွက်မြောက် 4:1 - မြန်မာ့စံမီသမ္မာကျမ်း1 မောရှေကလည်း “သူတို့သည် အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်၏စကားကိုလည်းနားမထောင်ဘဲ ‘ထာဝရဘုရားသည် သင့်အား ကိုယ်ထင်ရှားပြတော်မမူ’ဟူ၍ ပြောဆိုကြပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။ Ver CapítuloCommon Language Bible1 မောရှေက``အကယ်၍ဣသရေလအမျိုးသား တို့က အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်၏စကားကို နားမထောင်ဘဲ`သင်သည်ထာဝရဘုရားကိုဖူး မြင်ခဲ့ရသည်ဟုဆိုသည်မှာမဖြစ်နိုင်' ဟုပြော ကြလျှင်အကျွန်ုပ်မည်သို့ပြုရပါမည်နည်း'' ဟု လျှောက်ထားလေ၏။ Ver CapítuloGarrad Bible1 တစ် ဖန် မော ရှေ က၊ ထို သူ တို့ သည် အ ကျွန်ုပ် ကို မ ယုံ၊ စ ကား ကို လည်း မ နာ ခံ ဘဲ သင့် အား ထာ ဝ ရ ဘု ရား ထင် ရှား တော် မ မူ ကြောင်း ဆို ကြ လိမ့် မည် ဟု ပြန် လျှောက် သော်၊ Ver CapítuloJudson Bible1 မောရှေကလည်း၊ ထိုသူတို့သည် အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်စကားကို နားမထောင်ဘဲနေ၍၊ ထာဝရဘုရားသည် သင့်အားထင်ရှားတော်မမူဟု ဆိုကြပါလိမ့်မည်ဟု ပြန်လျှောက်လေ၏။ Ver Capítulo |
တစ်ဖန် ဘုရားသခင်က မောရှေအား “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူပြီ။ ဤနာမသည် ငါ၏ထာဝရနာမဖြစ်၏။ မျိုးဆက်အစဉ်အဆက် သိမှတ်ရမည့် ငါ၏နာမဖြစ်၏’ဟု ပြောရမည်။
သင်သည် သွား၍ အစ္စရေးသက်ကြီးဝါကြီးတို့ကိုစုဝေးစေပြီးလျှင် သူတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အား ကိုယ်ထင်ရှားပြတော်မူလျက် “ငါသည် သင်တို့ကိုလည်းကောင်း၊ အီဂျစ်ပြည်တွင် သင်တို့၌ဖြစ်ပျက်သောအရာကိုလည်းကောင်း အမှန်ပင် အကြည့်အရှုကြွလာပြီ။
ထိုအခါ သူတို့သည် သင်၏စကားကို နားထောင်ကြလိမ့်မည်။ သင်နှင့်အစ္စရေးသက်ကြီးဝါကြီးတို့သည်လည်း အီဂျစ်ဘုရင်ထံသို့ဝင်၍ သူ့အား ‘ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရန် အကျွန်ုပ်တို့ကို သုံးရက်ခရီးအကွာအဝေးရှိသောတောကန္တာရသို့ သွားခွင့်ပြုပါ’ဟု လျှောက်ထားလော့။