Biblia Todo Logo
La Biblia Online
- Anuncios -




ထွက်​မြောက် 38:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 အသက်​နှစ်ဆယ်​နှင့်​အထက် ရေတွက်​သော​စာရင်း​ထဲတွင် ပါဝင်​သူ​အပေါင်း​တို့​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ​ငါးဆယ်​ရှိ​၍ တစ်ယောက်​လျှင် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​အရ ရှယ်ကယ်​တစ်ဝက်​ဖြစ်​သော တစ်​ဗေကာ​ကို ပေးဆောင်​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

26 ထို​ငွေ​ချိန်​သည်​သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တစ်​ဦး ချင်း​က တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ​ပေး​ဆောင် သော​ငွေ​ချိန်​စု​စု​ပေါင်း​ဖြစ်​သ​တည်း။ အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​သန်း​ခေါင်​စာ​ရင်း​ဝင် အ​မျိုး​သား​ဦး​ရေ​မှာ ခြောက်​သိန်း​သုံး​ထောင်​ငါး ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။-

Ver Capítulo Copiar

Garrad Bible

26 အ သက် နှစ် ဆယ့် ရွယ် နှင့် တိုး တက် ကျော် လွန်၍ ရေ တွက် စု ရုံး ပြီး သူ တို့ ထံ ကူး သွား သော လူ ဦး ရေ ခြောက် သိန်း သုံး ထောင့် ငါး ရာ့ ငါး ဆယ် တို့ သည် ကျပ် ချိန် တော် အ လိုက် တ ပေ ခ ခေါ် ငွေ ငါး မူး စီ ကို ပေး ရ၏။

Ver Capítulo Copiar

Judson Bible

26 အ​သက်​နှစ်​ဆယ်​မှ​စ၍ ပို​လွန်​သ​မျှ​သော​သူ စာ​ရင်း​ဝင်​သည်​အ​တိုင်း၊ လူ​ခြောက်​သိန်း​သုံး​ထောင် ငါး​ရာ​ငါး​ဆယ်​တို့​သည်၊ အ​ကျပ်​တော်​အ​လိုက် ငွေ​ချိန်​အ​ကျပ်​တစ်​ဝက်​စီ​ပေး​ရ​ကြ၏။

Ver Capítulo Copiar




ထွက်​မြောက် 38:26
12 Referencias Cruzadas  

ကလေး​များ​အပြင် အစ္စရေး​အမျိုးသား ယောက်ျား​ခြောက်သိန်း​ခန့်​တို့​သည် ရာမသက်​အရပ်​မှ သုကုတ်​အရပ်​တိုင်အောင် ခြေကျင်​ခရီးပြု​ကြ​၏​။


“​သင်​သည် အစ္စရေး​အမျိုးသား​တို့​ကို​ရေတွက်​၍ လူဦးရေစာရင်း​ကောက်​ရာ​၌ သူ​တို့​ကို​ရေတွက်​စဉ် သူ​တို့​အပေါ်​ဘေးဒဏ်​မ​ကျရောက်​မည့်​အကြောင်း သူ​တို့​၏​အသက်​ရွေးနုတ်စရာ​အဖိုးအခ​ကို ထာဝရဘုရား​အား အသီးသီး​ပေးဆောင်​ရ​မည်​။


ရေတွက်​သော​စာရင်း​ထဲတွင် ပါဝင်​သူ​တိုင်း သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​အလေးစံနှုန်း​နှင့်အညီ ရှယ်ကယ်​တစ်ဝက်​ပေးဆောင်​ရ​မည်​။ (​တစ်​ရှယ်ကယ်​လျှင် ဂေရ​နှစ်ဆယ်​နှင့်​ညီမျှ​၏​။​) ထို​ရှယ်ကယ်​တစ်ဝက်​သည် ထာဝရဘုရား​အဖို့ အလှူပစ္စည်း​ဖြစ်​၏​။


ငွေ​တာလန်​တစ်ရာ​ဖြင့် သန့်ရှင်းရာဌာန​အတွက် အောက်ခံအစွပ်​များ​နှင့် ကန့်လန့်ကာ​အတွက် အောက်ခံအစွပ်​များ​ကို သွန်းလုပ်​၏​။ အောက်ခံအစွပ်​တစ်​ခု​လျှင် တစ်​တာလန်​၊ အောက်ခံအစွပ်​တစ်ရာ​အတွက် တာလန်​တစ်ရာ​ဖြစ်​၏​။


“​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထဲမှ ယောက်ျား​အားလုံး တစ်ဦးချင်းစီ​၏​အမည်​စာရင်း​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လော့​။


သင်​နှင့်​အာရုန်​သည် အစ္စရေး​လူမျိုး​ထဲမှ အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​ရှိသမျှ​တို့​ကို တပ်ဖွဲ့​အလိုက် ရေတွက်​ရ​မည်​။


သူ​တို့​အားလုံး​၏​အရေအတွက်​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ့​ငါးဆယ် ရှိ​၏​။


ဤသည်ကား ဘိုးဘေး​အိမ်ထောင်စု​အလိုက် အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက် ဖြစ်​၏​။ သူ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​များ​ရှိ​လူ​အရေအတွက်​စုစုပေါင်း​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ့​ငါးဆယ် ဖြစ်​၏​။


“​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထဲမှ အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​စစ်မှု​ထမ်း​နိုင်​သော​သူ​ရှိသမျှ​တို့​ကို သူ​တို့​ဘိုးဘေး​များ​၏​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လော့​”​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​မှာ ခြောက်သိန်း​တစ်ထောင်​ခုနစ်​ရာ့​သုံးဆယ် ရှိ​၏​။


ကပေရနောင်​မြို့​သို့ သူ​တို့​ရောက်ရှိ​လာ​ကြ​သောအခါ ဗိမာန်​တော်​ခွန်​ကောက်ခံ​သော​သူ​တို့​သည် ပေတရု​ထံသို့​လာ​၍ “သင်​တို့​၏​ဆရာ​သည် ဗိမာန်​တော်​ခွန်​ကို ပေးဆောင်​ပါ​သလော”​ဟု မေး​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos