ထွက်မြောက် 36:8 - မြန်မာ့စံမီသမ္မာကျမ်း8 အလုပ်လုပ်သောသူတို့ထဲမှ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ကြ၏။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်ထားသော ပိတ်ချောထည်ဖြစ်ကြ၏။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားကြ၏။ Ver CapítuloCommon Language Bible8 အတတ်ပညာရှင်များအနက်၊ အကျွမ်းကျင် ဆုံးသောအတတ်ပညာရှင်တို့သည်၊ ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုဆောက်လုပ် ကြ၏။ သူတို့သည်ပိတ်ချောနှင့်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေးတို့ဖြင့် ရက်လုပ်၍၊ ခေရုဗိမ် အရုပ်များကိုပန်းဖော်ထားသည့်ကန့်လန့် ကာဆယ်ထည်ဖြင့်၊ တဲတော်ကိုဆောက်လုပ် ကြ၏။- Ver CapítuloGarrad Bible8 ထို အ လုပ် ကို လုပ် ဆောင် ရ သူ တို့ တွင် သု ခ မိန် ရှိ သ မျှ သည် ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် လက် မြောက် သူ ရက် လုပ် သော ခေ ရု ဗ ရုပ် ပုံ ပါ တင်း တိမ် ရံ ဆယ် ထည် ဖြင့် စံ ရာ တော် ကို လုပ် ဆောင် လေ ၏။ Ver CapítuloJudson Bible8 သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သောသူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သောပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ၏။ Ver Capítulo |