ထွက်မြောက် 35:35 - မြန်မာ့စံမီသမ္မာကျမ်း35 သူတို့အား ဉာဏ်ပညာနှင့်ပြည့်ဝစေတော်မူသဖြင့် သူတို့သည် လက်မှုအတတ်ပညာ၊ ပုံဖော်ဖန်တီးခြင်းအတတ်ပညာ၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့် ပိတ်ချောထည်ပေါ်တွင် ပန်းထိုးခြင်းအတတ်ပညာ၊ အထည်ရက်လုပ်ခြင်းအတတ်ပညာစသော အတတ်ပညာအမျိုးမျိုးကို တတ်ကျွမ်း၏။ သူတို့သည် လက်မှုအတတ်ပညာအမျိုးမျိုးလုပ်တတ်သောသူ၊ ပုံဖော်ဖန်တီးတတ်သောသူဖြစ်ကြ၏။ Ver CapítuloCommon Language Bible35 သူတို့အားပန်းပုအတတ်၊ ပုံစံထုတ်သော အတတ်၊ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သိုးမွေး၊ ပိတ်ချောနှင့်အခြားအထည်တို့ ကိုယက်လုပ်သည့်အတတ်ပညာအမျိုးမျိုး ကိုပေးတော်မူ၏။ သူတို့သည်အတတ်ပညာ အမျိုးမျိုးတို့တွင်ထူးချွန်၍ ပုံစံထုတ် ရာတွင်ပြောင်မြောက်သူများဖြစ်ကြ၏။ Ver CapítuloGarrad Bible35 ထို သူ တို့ သည် ပန်း ပု အ လုပ်၊ လက် မြောက် သော အ လုပ်၊ လျှော် ချည် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် ပန်း ထိုး အ လုပ်၊ ရက် တတ် သော အ လုပ်၊ အ နည်း နည်း အ ဖုံ ဖုံ အ လုပ်၊ လက် မြောက် သော အ လုပ် အ မျိုး မျိုး ကို တတ် မြောက် စေ ခြင်း ငှါ ဉာဏ် ပ ညာ နှင့် ပြည့် စုံ စေ တော် မူ ပြီ။ Ver CapítuloJudson Bible35 ထိုသူတို့သည် ထုလုပ်တတ်သောသူ၏အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ၏အလုပ်၊ ရက်တတ်သောသူ၏အလုပ်၊ အနည်းနည်း လုပ်တတ်သောသူ၏အလုပ်၊ ထူးဆန်းစွာကြံစည်တတ်သောသူ၏အလုပ်အမျိုးမျိုးရှိသမျှတို့ကို လုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာနှင့် ပြည့်စုံတော်မူပြီ။ Ver Capítulo |
သူ့မိခင်မှာ ဒန်အမျိုးသမီး၊ သူ့ဖခင်မှာ တိုင်ရာမြို့သားဖြစ်၏။ သူသည် ရွှေငွေ၊ ကြေးနီ၊ သံတို့ကို သွန်းလုပ်သောအတတ်၊ ကျောက်ဆစ်အတတ်၊ သစ်ထွင်းထုသောအတတ်၊ ခရမ်းရောင်အထည်၊ အပြာရောင်အထည်၊ ပိတ်ချောထည်၊ ကြက်သွေးရောင်အထည်တို့ကို ရက်လုပ်သောအတတ်၊ ကမ္ပည်းစာအမျိုးမျိုးရေးထိုးသောအတတ် စသည်တို့မှစ၍ အနုပညာလက်ရာအမျိုးမျိုးတို့ကို ကျွမ်းကျင်စွာလုပ်ဆောင်ပေးနိုင်သူဖြစ်၏။ သူသည် မင်းကြီး၏လက်မှုပညာသည်များ၊ မင်းကြီး၏ခမည်းတော် အကျွန်ုပ်၏သခင်ဒါဝိဒ်မင်းကြီး၏လက်မှုပညာသည်များနှင့်အတူ အလုပ်လုပ်လိမ့်မည်။