ထွက်မြောက် 34:24 - မြန်မာ့စံမီသမ္မာကျမ်း24 လူမျိုးခြားတို့ကို သင့်ရှေ့မှ ငါနှင်ထုတ်ပြီး သင်၏နယ်ပယ်ကို ငါကျယ်ဝန်းစေမည်ဖြစ်၍ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ တစ်နှစ်လျှင်သုံးကြိမ်မျက်နှာလာပြစဉ်အတွင်း မည်သူမျှ သင်၏မြေကို လိုချင်တပ်မက်စိတ် မရှိစေရ။ Ver CapítuloCommon Language Bible24 ငါသည်အခြားလူမျိုးများကိုသင်တို့ချီ တက်ရာလမ်းကြောင်းမှနှင်ထုတ်၍ သင်တို့၏ နယ်မြေကိုတိုးချဲ့ပြီးသည့်အခါသင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ပွဲတော်ကြီးသုံးခုကျင်းပနေချိန်အတွင်း၊ မည်သည့်ရန်သူမျှသင်တို့ကိုမတိုက်ခိုက် စေရ။ Ver CapítuloGarrad Bible24 တစ် နှစ် လျှင် သုံး ကြိမ်၊ သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ထံ ဖူး မျှော် ရန် သွား ကြ စဉ် လူ မျိုး ခြား တို့ ကို သင် တို့ ရှေ့ က ငါ နှင် ထုတ်၍ သင် တို့ နယ် ကို ကျယ် ဝန်း စေ ပြီး ဖြစ် သ ဖြင့် သင် တို့ ပြည် ကို မည် သူ မျှ တပ် မက် မည် မ ဟုတ်။ Ver CapítuloJudson Bible24 တစ်ပါးအမျိုးသားများကို သင်တို့ရှေ့ကငါနှင်ထုတ်၍၊ သင်တို့နေရာနယ်ကို ငါကျယ်စေမည်။ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တစ်နှစ်တွင်သုံးကြိမ် မျက်နှာပြသွားသောအခါ၊ သင်၏မြေကို အဘယ်သူမျှမတပ်မက်ရ။ Ver Capítulo |
ယောက်ျားအပေါင်းတို့သည် တဆေးမဲ့မုန့်ပွဲတော်၌တစ်ကြိမ်၊ ခုနစ်သီတင်းမြောက်ပွဲတော်၌တစ်ကြိမ်၊ ယာယီတဲစုပွဲတော်၌တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြရမည်။ ထာဝရဘုရား၏ရှေ့တော်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။