ထွက်မြောက် 32:6 - မြန်မာ့စံမီသမ္မာကျမ်း6 နောက်တစ်နေ့၌ လူတို့သည် စောစောထ၍ မီးရှို့ရာယဇ်ကိုပူဇော်၏။ မိတ်သဟာယယဇ်ကိုဆက်ကပ်ကြ၏။ ထို့နောက် ထိုင်၍စားသောက်ကြ၏။ ထ၍လည်းကခုန်ပျော်ပါးကြ၏။ Ver CapítuloCommon Language Bible6 နောက်နေ့နံနက်စောစောတွင်လူအပေါင်းတို့ သည် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်များ ကိုပူဇော်ကြ၏။ ထိုသို့ယဇ်ပူဇော်ကြပြီး နောက်၊ သူတို့သည် စားသောက်မူးယစ်ကြပြီး လျှင်၊ အမျိုးသား၊ အမျိုးသမီးများအပျော် ကူးကြကုန်၏။ Ver CapítuloGarrad Bible6 နောက် နေ့ နံ နက် အ ချိန် ထို သူ တို့ သည် ထ ပြီး လျှင် မီး ရှို့ ရာ သ က္ကာ ပူ ဇော်၍၊ မိတ် သ ဟာ ယ သ က္ကာ ကို ဆက် ကပ် ပြီး မှ စား သောက် ရန် ထိုင် လျက် မြူး တူး ရန် ထ ကြ ၏။ Ver CapítuloJudson Bible6 နက်ဖြန်နံနက်စောစော လူတို့သည်ထ၍၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ပြီးမှ၊ စားသောက်လျက်ထိုင်နေကြ၏။ နောက်တစ်ဖန် ကခုန်မြူးထူးခြင်းငှာ ထကြ၏။ Ver Capítulo |
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။