ထွက်မြောက် 31:3 - မြန်မာ့စံမီသမ္မာကျမ်း3 သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။ Ver CapítuloCommon Language Bible3-5 သူသည် ရွှေ၊ ငွေ၊ ကြေးဝါတို့ကိုပုံအမျိုးမျိုး ဖော်လုပ်နိုင်သောအတတ်၊ ကျောက်မျက်တို့ ကိုသွေး၍စီခြယ်သောအတတ်၊ သစ်သား ပန်းပုထုသောအတတ်အစရှိသည့်အနု ပညာအတတ်အမျိုးမျိုးတို့ကိုကျွမ်းကျင် ပြောင်မြောက်စေခြင်းငှာ၊ ငါသည်သူ့အား အစွမ်းတန်ခိုးကိုပေးတော်မူပြီ။- Ver CapítuloGarrad Bible3-5 လက် မှု ပ ညာ ရှိ စေ ခြင်း ငှါ လည်း ကောင်း၊ ရွှေ ငွေ ကြေး အ လုပ် မှ စ၍ ချယ် စီ ရာ ကျောက် မျက် ကို သွေး ခြင်း၊ သစ် သား ကို ထု လုပ် ခြင်း တည်း ဟူ သော အ လုပ် အ မျိုး မျိုး ကို တတ် မြောက် စေ ခြင်း ငှါ၊ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန်၊ အ သိ ပ ညာ၊ အ တတ် ပ ညာ ဟူ သ မျှ ကို ပေး ၍ ငါ ဘု ရား ၏ ဝိ ညာဉ် တော် နှင့် ပြည့် စုံ စေ ၏။ Ver CapítuloJudson Bible3-5 သူသည် ရွှေငွေကြေးဝါကို လုပ်သောအတတ်၊ ကျောက်ကိုသွေး၍ စီသောအတတ်၊ သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကိုငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ပြည့်စုံစေ၏။ Ver Capítulo |
ထို့ကြောင့် ရွှေထည်၊ ငွေထည်၊ ကြေးထည်၊ သံထည်တို့ကို သွန်းလုပ်တတ်သူ၊ ခရမ်းရောင်၊ ကြက်သွေးရောင်၊ အပြာရောင်ရှိသောချည်တို့ကို ရက်လုပ်တတ်သူ၊ ကမ္ပည်းစာရေးထိုးရာ၌ ကျွမ်းကျင်သူတစ်ဦးကို အကျွန်ုပ်ထံ စေလွှတ်ပေးပါ။ သူ့ကို ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ အကျွန်ုပ်၏ခမည်းတော်ပြင်ဆင်ပေးထားသော လက်မှုပညာသည်တို့နှင့်အတူ အလုပ်လုပ်စေမည်။
သူတို့အား ဉာဏ်ပညာနှင့်ပြည့်ဝစေတော်မူသဖြင့် သူတို့သည် လက်မှုအတတ်ပညာ၊ ပုံဖော်ဖန်တီးခြင်းအတတ်ပညာ၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့် ပိတ်ချောထည်ပေါ်တွင် ပန်းထိုးခြင်းအတတ်ပညာ၊ အထည်ရက်လုပ်ခြင်းအတတ်ပညာစသော အတတ်ပညာအမျိုးမျိုးကို တတ်ကျွမ်း၏။ သူတို့သည် လက်မှုအတတ်ပညာအမျိုးမျိုးလုပ်တတ်သောသူ၊ ပုံဖော်ဖန်တီးတတ်သောသူဖြစ်ကြ၏။