ထွက်မြောက် 30:12 - မြန်မာ့စံမီသမ္မာကျမ်း12 “သင်သည် အစ္စရေးအမျိုးသားတို့ကိုရေတွက်၍ လူဦးရေစာရင်းကောက်ရာ၌ သူတို့ကိုရေတွက်စဉ် သူတို့အပေါ်ဘေးဒဏ်မကျရောက်မည့်အကြောင်း သူတို့၏အသက်ရွေးနုတ်စရာအဖိုးအခကို ထာဝရဘုရားအား အသီးသီးပေးဆောင်ရမည်။ Ver CapítuloCommon Language Bible12 ``သင်သည်ဣသရေလအမျိုးသားတို့၏သန်း ခေါင်စာရင်းကိုကောက်ယူသောအခါ စာရင်း ယူချိန်တွင်၊ သူတို့၌ဘေးမသင့်စေခြင်းငှာ၊ လူတိုင်းမိမိ၏အသက်ဖိုးကိုထာဝရ ဘုရားအားဆက်သရမည်။- Ver CapítuloGarrad Bible12 ဣ သ ရေ လ အ မျိုး သား တို့ ကို စု ရုံး စေ ၍ လူ ဦး ရေ တွက် စစ် သော အ ခါ ဘေး ကင်း လွတ် စေ ရန် အ သီး အ သီး ကိုယ့် အ သက် ရွေး နုတ် ရန် အ ဖိုး ကို စု ရုံး သော အ ခါ ၌ ပင် ငါ ထာ ဝ ရ ဘု ရား အား ဆက် ကပ် စေ။ Ver CapítuloJudson Bible12 ဣသရေလအမျိုးသားတို့ကို ရေတွက်၍ စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်းရှိသမျှတို့သည် အသီးအသီး မိမိအသက်ရွေးရန်အဖိုးကို ထာဝရဘုရားအားဆက်ကပ်ရမည်။ Ver Capítulo |
ငတ်မွတ်ခေါင်းပါးခြင်းဘေး သုံးနှစ်ဖြစ်စေရမည်လော။ သို့မဟုတ် ရန်သူ၏ဓားသည် အရှင်မင်းကြီးကိုလိုက်မီသဖြင့် ရန်သူ့ရှေ့၌ သုံးလပတ်လုံး ဓားဘေးနှင့်ရင်ဆိုင်မည်လော။ သို့မဟုတ် ထာဝရဘုရား၏ဓားတော်သည်ဤပြည်၌ ကပ်ရောဂါဘေးသက်ရောက်စေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည် အစ္စရေးပြည်အနှံ့ သုံးရက်ပတ်လုံးဖျက်ဆီးသောဘေး ဖြစ်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်သောအရှင်အား မည်သည့်အဖြေပြန်ပေးရမည်ကို ယခု စဉ်းစားဆုံးဖြတ်ပါလော့”ဟု လျှောက်တင်လေ၏။
ယွာဘကလည်း “ထာဝရဘုရားသည် လူတို့ကို သူတို့ရှိသည်ထက် အဆတစ်ရာ တိုးပွားစေတော်မူပါစေသော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သူတို့အားလုံးသည် အကျွန်ုပ်သခင်၏အစေအပါးများပင် ဖြစ်ကြသည်မဟုတ်လော။ အဘယ်ကြောင့် အရှင်မင်းကြီး ဤအမှုကို ပြုလိုပါသနည်း။ အဘယ်ကြောင့် အစ္စရေးလူမျိုးတို့အပေါ် အပြစ်သက်ရောက်စေမည်နည်း”ဟု လျှောက်တင်၏။
ထို့ကြောင့် ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်မင်းယောယဒကိုခေါ်၍ “သက်သေခံချက်တဲတော်အဖို့ ထာဝရဘုရား၏အစေအပါးမောရှေမှာကြားထားသော အစ္စရေးလူထုတို့ပေးဆောင်ရမည့်အခွန်ငွေကို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ထံမှကောက်ခံရန် လေဝိအမျိုးသားတို့ကို အဘယ်ကြောင့် သင် မမှာထားသနည်း”ဟု မေး၏။