ထွက်မြောက် 28:2 - မြန်မာ့စံမီသမ္မာကျမ်း2 သင့်အစ်ကိုအာရုန်ဂုဏ်သရေရှိ၍ တင့်တယ်ခန့်ညားဖို့ သူ့အတွက် သန့်ရှင်းသောအဝတ်တန်ဆာကို သင်ချုပ်လုပ်ပေးရမည်။ Ver CapítuloCommon Language Bible2 သင့်အစ်ကိုအာရုန်အတွက်ခန့်ညားထည်ဝါ သောယဇ်ပုရောဟိတ်ဝတ်စုံကိုချုပ်လုပ်ပေး ရမည်။- Ver CapítuloGarrad Bible2 ဘုန်း အ သ ရေ နှင့် တင့် တယ် စေ ခြင်း ငှါ သင့် အစ် ကို အာ ရုန် ဝတ် ရုံ ရန် သန့် ရှင်း သော သင်္ကန်း စုံ ကို ရက် လုပ် လော့။ Ver CapítuloJudson Bible2 သင်၏အစ်ကိုအာရုန်၌ ဘုန်းအသရေထင်ပေါ်စေခြင်းငှာ၊ သန့်ရှင်းသောအဝတ်ကို လုပ်၍ပေးရမည်။ Ver Capítulo |
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။