ထွက်မြောက် 28:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထိုကျောက်နှစ်လုံးကို အစ္စရေးအမျိုးသားတို့အတွက် အောက်မေ့ဖွယ်ကျောက်အဖြစ် ဧဖုဒ်၏ပခုံးသိုင်းကြိုးအပေါ်၌ တပ်ရမည်။ ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဖွယ်အဖြစ် သူတို့၏အမည်ကို အာရုန်သည် သူ၏ပခုံးနှစ်ဖက်၌ ဆောင်ရမည်။ Ver CapítuloCommon Language Bible12 ဣသရေလတစ်ဆယ့်နှစ်မျိုးတို့ကိုသတိရ စေရန် ထိုကျောက်နှစ်လုံးကိုသင်တိုင်း၏ပခုံး သိုင်းကြိုးများပေါ်မှာတပ်ဆင်ရမည်။ ထိုနည်း အားဖြင့်အာရုန်သည်သူတို့၏နာမည်များ ကိုပခုံးပေါ်တွင်ဆောင်ထားသဖြင့် ငါ ထာဝရဘုရားသည်ငါ၏လူမျိုးတော် ကိုအစဉ်သတိရတော်မူလိမ့်မည်။- Ver CapítuloGarrad Bible12 ဣ သ ရေ လ အ မျိုး သား တို့ အ ထိမ်း အ မှတ် ကျောက် မျက် ဖြစ် စေ ခြင်း ငှါ ထို ကျောက် နှစ် လုံး ကို ကိုယ် ဝတ် ပ ခုံး သိုင်း၌ တပ်၍ သူ တို့ အ မည် များ ကို အ ထိမ်း အ မှတ် အ ဖြစ် အာ ရုန် သည် ငါ ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ပ ခုံး နှစ် ဘက် ပေါ် မှာ ဆောင် ရ မည်။ Ver CapítuloJudson Bible12 ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးပေါ်မှာ တပ်ရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှာ၊ သူတို့နာမည်များကို အာရုန်သည် ထာဝရဘုရားရှေ့တော်၌ မိမိပခုံးပေါ်မှာ ဆောင်ရမည်။ Ver Capítulo |
ဤသည်ကား ငါတို့၏ဘိုးဘေးများအပေါ် ကရုဏာတော်ကိုပြသတော်မူရန်နှင့် ငါတို့ကို ရန်သူတို့လက်မှကယ်နုတ်၍ အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့တော်၌ သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းတို့ဖြင့် ကိုယ်တော်ကို ဝတ်ပြုရသောအခွင့်ပေးမည်ဟု ငါတို့အဖအာဗြဟံအား တိုင်တည်၍မိန့်တော်မူသည့် ကတိသစ္စာတည်းဟူသော ကိုယ်တော်၏သန့်ရှင်းသောပဋိညာဉ်ကို အောက်မေ့တော်မူရန်ဖြစ်၏။
သင်တို့ကလည်း ဂျော်ဒန်မြစ်ရေသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့၌ ရပ်တန့်ခဲ့၏။ သေတ္တာတော်နှင့် ဂျော်ဒန်မြစ်ကိုကူးသောအခါ ဂျော်ဒန်မြစ်ရေသည် ရပ်တန့်ခဲ့၏။ ဤကျောက်တုံးတို့သည် ဤအဖြစ်ကို အစ္စရေးအမျိုးသားတို့ အစဉ်အမှတ်ရစေရန်အတွက်ဖြစ်သည်ဟု သူတို့အား ပြောပြရမည်”ဟု ဆိုလေ၏။