ထွက်မြောက် 27:7 - မြန်မာ့စံမီသမ္မာကျမ်း7 ယဇ်ပလ္လင်ကိုထမ်းသောအခါ ထမ်းပိုးတို့သည် ယဇ်ပလ္လင်၏ဘေးနှစ်ဖက်၌ရှိနေစေရန် ထိုထမ်းပိုးတို့ကို ကွင်းများထဲသို့လျှိုသွင်းထားရမည်။ Ver CapítuloCommon Language Bible7 ယဇ်ပလ္လင်ကိုသယ်ဆောင်ရန်ထမ်းပိုးများကို တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုထား ရမည်။- Ver CapítuloGarrad Bible7 ပ လ္လင် တော် ကို ထမ်း စဉ် နံ ဘေး နှစ် ချက် ရှိ ကွင်း များ၌ လျှို သည့် အ တိုင်း ထား လော့။ Ver CapítuloJudson Bible7 ယဇ်ပလ္လင်ကိုထမ်းစရာဖို့ တစ်ဖက်တစ်ချက်ကွင်းများ၌ လျှိုထားရမည်။ Ver Capítulo |
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။