ထွက်မြောက် 26:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထို့ပြင် သင်သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ရမည်။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြစ်ရမည်။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားရမည်။ Ver CapítuloCommon Language Bible1 ``ငါစံတော်မူရာတဲတော်ကို ချည်ချော၊ သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်တို့နှင့်ရက် သောကန့်လန့်ကာဆယ်ခုဖြင့်ပြုလုပ်လော့။ ထို ကန့်လန့်ကာများတွင် ခေရုဗိမ်ရုပ်များပန်း ပေါက်ဖော်ထားရမည်။- Ver CapítuloGarrad Bible1 ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် လက် မြောက် သူ ရက် လုပ် သော ခေ ရုဗ ရုပ် ပုံ ပါ၊ တင်း တိမ် ရံ ဆယ် ထည် ဖြင့် စံ ရာ တော် ကို လည်း လုပ် လော့။ Ver CapítuloJudson Bible1 တစ်နည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့်ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကိုလုပ်ရမည်။ Ver Capítulo |
သူတို့အား ဉာဏ်ပညာနှင့်ပြည့်ဝစေတော်မူသဖြင့် သူတို့သည် လက်မှုအတတ်ပညာ၊ ပုံဖော်ဖန်တီးခြင်းအတတ်ပညာ၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့် ပိတ်ချောထည်ပေါ်တွင် ပန်းထိုးခြင်းအတတ်ပညာ၊ အထည်ရက်လုပ်ခြင်းအတတ်ပညာစသော အတတ်ပညာအမျိုးမျိုးကို တတ်ကျွမ်း၏။ သူတို့သည် လက်မှုအတတ်ပညာအမျိုးမျိုးလုပ်တတ်သောသူ၊ ပုံဖော်ဖန်တီးတတ်သောသူဖြစ်ကြ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။