ထွက်မြောက် 25:30 - မြန်မာ့စံမီသမ္မာကျမ်း30 ငါ့ရှေ့မှောက်၊ စားပွဲပေါ်တွင် ရှေ့တော်မုန့်ကို အစဉ်မပြတ်တင်ထားရမည်။ Ver CapítuloCommon Language Bible30 ပဋိညာဉ်သေတ္တာ၏အရှေ့တွင်စားပွဲကိုထား ရမည်။ ထိုစားပွဲပေါ်မှာရှေ့တော်တင်မုန့်အမြဲ ရှိစေရမည်။ Ver CapítuloGarrad Bible30 ငါ့ မျက် မှောက် တွင် စား ပွဲ တော် ပေါ် မှာ ရှေ့ တော် တင် မုန့် ကို အ မြဲ ရှိ စေ လော့။ Ver CapítuloJudson Bible30 ငါ့ရှေ့၊ စားပွဲပေါ်မှာရှေ့တော်မုန့်ကို အစဉ်တင်ရမည်။ Ver Capítulo |
နံနက်တိုင်း၊ ညနေတိုင်း ထာဝရဘုရားထံမီးရှို့ရာယဇ်နှင့် အမွှေးနံ့သာတို့ကို ပူဇော်ကြ၏။ သန့်ရှင်းသောစားပွဲပေါ်တွင် ရှေ့တော်မုန့်ကို တင်ထားပြီး ညနေတိုင်း ရွှေဆီမီးခုံမှ မီးခွက်တို့၌ မီးကိုထွန်းထား၏။ ငါတို့သည် ငါတို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အတိုင်း လိုက်နာကြသော်လည်း သင်တို့မူကား ဘုရားသခင်ကို စွန့်ပယ်ကြပြီ။
အစ္စရေးလူမျိုးတို့ အစဉ်အမြဲပြုရန် ပြဋ္ဌာန်းထားသည်နှင့်အညီ အကျွန်ုပ်သည် ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ အမွှေးနံ့သာကို မီးရှို့ပူဇော်ရန်အတွက်၊ ရှေ့တော်မုန့်ကိုလည်း ပုံမှန်တင်လှူပူဇော်ရန်နှင့် နံနက်ချိန်၊ နေဝင်ချိန်၊ ဥပုသ်နေ့များ၊ လဆန်းနေ့များ၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်နေ့များတွင် မီးရှို့ရာယဇ်ကို ပူဇော်ရန်အတွက် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်ကို ဆောက်လုပ်ဆက်ကပ်မည်။